DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တော်လှန်ရေးရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ ရရှိဟု NUG ဝန်ကြီးပြော
DVB
·
January 16, 2023
စစ်အာဏာရှင်တော်လှန်ရေးရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၀၀ ရရှိဟု  NUG ဝန်ကြီးပြော
Donate to DVB

နွေဦးရင်းနှီးမြှုပ်နှံရေးစီမံကိန်း (Spring Investment ) တွေကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိရရှိပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်တဲ့ အင်ယားလမ်းကနေအိမ်ကို မူလရည်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ အပြည့်အဝရောင်းချနိုင်ခဲ့ပြီး ၆ မိုင်ခွဲက နေအိမ်ကိုလည်း အမေရိကန်ဒေါ်လာ ၄ သန်းဖိုး ရောင်းချခဲ့ပြီးပြီလို့ စီမံကိန်းဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာန ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာနရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်လို့  သက်ဆိုင်ရာမိတ်ဖက်ဝန်ကြီးဌာနတွေနဲ့ အတူ ဇန်နဝါရီ ၁၅ ရက်က အွန်လိုင်းကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

လက်ရှိမှာ စစ်ခေါင်းဆောင် အမည်ပေါက် အင်းယားလမ်း အိမ်အမှတ် (၁၄)ကို NUG က အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ ရှယ်ယာစနစ်နဲ့ မေလ ၅ ရက်က စတင် ရောင်းချခဲ့တာပါ။ နှစ်ဧကလောက် ကျယ်ဝန်းတဲ့ အင်းယားလမ်းရှိ ခြံအမှတ် ၁၄ နေအိမ်ကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ရာဖြတ်အဖွဲ့က ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၃၆ သန်းလို့ သတ်မှတ်ပြီး ကာလတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ဒေါ်လာ ၁၀ သန်းနဲ့ အစုရှယ်ယာတွေ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ နောက်ထပ်အိပ်တလုံးဖြစ်တဲ့ အင်းယားကန် ၆ မိုင်ခွဲမှာရှိတဲ့ နေအိမ်ကိုလည်း အမေရိကန်ဒေါ်လာ ၇ သန်းနဲ့ အစုရှယ်ယာစနစ်နဲ့ ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၄သန်းအထိ ရောင်းချနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လိုအပ်တာထက်ပိုပြီး သိမ်းယူထားတဲ့ တပ်ပိုင်မြေတွေကိုလည်း အစုရှယ်ယာစနစ်နဲ့ ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာသန်း ၅၀ ဖိုးအထိ ရောင်းချနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလကစတင်ပြီး ရောင်းချခဲ့တဲ့ ငွေတိုက်စာချုပ်တန်ဖိုးစုစုပေါင်းကတော့  အမေရိကန်ဒေါ်လာ ၄၅ သန်းဖိုးအထိ ရောင်းချနိုင်ခဲ့ပြီး ဆက်လက်ရောင်းချနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

နွေဦးရင်းနှီးမြှုပ်နှံရေးစီမံကိန်းတွေအောက်ကနေရရှိလာတဲ့  အမေရိကန်ဒေါ်လာ သန်း၁၀၀ ကို တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ ခွဲဝေသုံးစွဲနေတယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ရှိနေအိမ်တွေ အပါအဝင် စစ်တပ်အုပ်စုပိုင် အိမ်ခြံမြေအားလုံးကို စိစစ်ပြီး တော်လှန်ရေးရန်ပုံငွေအတွက် လေလံတင်ရောင်းချနေတာလည်း ဖြစ်ပါတယ်။

ရှယ်ယာဝယ်ယူထားသူတွေအနေနဲ့ တော်လှန်ရေးအောင်မြင်ပြီးနောက် ဝယ်ယူထားတဲ့ပမာဏရဲ့ အနည်းဆုံး သုံးဆလောက်ကို  ပြန်လည်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013