DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သန်းခွဲကျော်ရှိ၊ ကယ်ဆယ်ရေးအကူအညီ လိုအပ်ဟု ကုလပြော
DVB
·
January 12, 2023
နိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သန်းခွဲကျော်ရှိ၊ ကယ်ဆယ်ရေးအကူအညီ လိုအပ်ဟု ကုလပြော
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၁ သန်းခွဲကျော်ထိ ရှိလာနေပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတာကြောင့် လူမှုကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အ‌ရှေ့တောင်ပိုင်းတို့မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ၊ လုံခြုံရေးတင်းကျပ်မှုတွေ၊ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ လုပ်သားတွေအပေါ် ခြိမ်းခြောက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေသလို ရွှေ့ပြောင်းနေထိုင်မှုတွေ ထပ်မံဖြစ်ပေါ်စေပြီး လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာတော့ ရက္ခိုင့်တပ်တော်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ အကြား အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်တည်တံ့နေပေမဲ့ အခြေအနေဟာ ထိလွယ်ရှလွယ်ဖြစ်နေဆဲ ဖြစ်တယ်လို့ UNOCHA က ပြောပါတယ်။

ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဆက် ကားလမ်းဟာ ပိတ်ထားခံရဆဲဖြစ်သလို နှစ်ဖက် စစ်ဆေးရေးဂိတ်တွေ ဆက်လက်တည်ရှိနေပေမဲ့ အရေးပါတဲ့ လမ်းမကြီးတွေနဲ့ မြစ်ကြောင်းတွေတလျှောက် ကုန်စည်ပို့ဆောင်ရေးနဲ့ အရပ်ဘက် အသွားအလာတွေ ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ သွားလာကူညီခွင့်တွေကို လအတန်ကြာ ပိတ်ထားရာကနေ ပြန်လည်ပေးလာတာကြောင့် ထိခိုက်ခံစားရသူတွေနဲ့ ရွှေ့ပြောင်း နေထိုင်ကြရသူတွေအတွက် စားနပ်ရိက္ခာ၊ အာဟာရ၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အပါအဝင် တခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ရခိုင်ပြည်နယ်မှာ တဖြည်းဖြည်း ပြန်လည်စတင်နေပြီဖြစ်ပေမဲ့ လက်ရှိမှာ ကန့်သတ်မြို့နယ် ၈ မြို့နယ်ရဲ့ မြို့ပေါ်ဧရိယာတွေကိုသာ သွားလာခွင့် ရရှိထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သိပ်မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွေမှာ ရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၆,၀၀၀ ကျော်ရှိကာ အရင်နဲ့ လက်ရှိ ပဋိပက္ခတွေကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြရသူပေါင်း ၈၉,၀၀၀ ကျော်ထိ ရှိလာပြီလို့ UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013