DVB Logo
Home
မြန်မာသတင်း
နှစ်ကရင်ရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး
DVB
·
January 11, 2023
နှစ်ကရင်ရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းကို ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၁ နာရီလောက်မှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ဒီဗွီဘီကို ပြောပါတယ်။

နှစ်ကရင်ရဲစခန်းမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လာရောက်နေထိုင်တယ်ဆိုတဲ့ သတင်းအရ ရေးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ရဲစခန်းကို ဝင်ရောက်စီးနင်းစဉ် ရဲတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားတာကြောင့် စခန်းအတွင်းရှိ ပစ္စည်းတွေနဲ့ အဆောက်အဦတွေကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ နှစ်ကရင်ရဲစခန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေ အခြေချနေထိုင်တာမရှိဘဲ တခါတလေမှသာ လာရောက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။

ရေးပြောက်ကျားတပ်ဖွဲ့ဟာ နှစ်ကရင်ရဲစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၆ နာရီခွဲကလည်း ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာက စစ်ကောင်စီကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၈၈ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

ဒါပေမဲ့ အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013