DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ်အတွင်း အမည်မသိ အလောင်း ၂ လောင်း တွေ့ရှိ
DVB
·
January 8, 2023
ရန်ကုန်မြစ်အတွင်း အမည်မသိ အလောင်း ၂ လောင်း တွေ့ရှိ
Donate to DVB

လသာမြို့နယ်  စဥ့်အိုးတန်းဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း ဒီနေ့ မနက်ပိုင်းက အမည်မသိ  သေဆုံးနေတဲ့ ရုပ်အလောင်း ၂ လောင်း တွေ့ရှိခဲ့တယ်လို့ ဆိပ်ကမ်းနေထိုင်သူတွေဆီက သိရပါတယ်။

စဥ့်အိုးတန်းဆိပ်ကမ်းအနီးရှိ ရန်ကုန်မြစ်အတွင်းမှာ ဒီနေ့မနက် ဆယ်နာရီက အမျိုးသားတဦးရဲ့အလောင်း တွေ့ရှိခဲ့ပြီးနောက် နာရီဝက်အကြာမှာ အမျိုးသမီးတဦးရဲ့အလောင်း ထပ်မံတွေ့ရှိခဲ့တာလို့ ဆိပ်ကမ်းနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အမျိုးသားအလောင်းကို အရင်တွေ့တာ အသက်က လေးဆယ်လောက်ရှိတယ်။ နောက်နာရီဝက်မှာ အမျိုးသမီးအလောင်းတွေ့တယ်၊ ပုပ်ပွနေပြီ ရုပ်ကမမှတ်မိတော့ဘူး၊ ပရဟိတအဖွဲ့က လူနာတင်ယာဥ်နဲ့ လာသယ်သွားတယ်။၊" 

ရန်ကုန်မြစ်အတွင်းမှာ  ကနဦးတွေ့ရှိခဲ့တဲ့ သေဆုံးနေတဲ့အမျိုးသားမှာ ရန်ကုန်မြစ်အတွင်း မကြာခဏ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ လာရောက်ခဲ့သူဖြစ်ပြီး အမျိုးသမီးမှာလည်း ရေထဲခုန်ချသတ်သေတာမျိုး ဖြစ်နိုင်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

"စုံစမ်းကြည့်တော့ ပထမတွေ့တဲ့ အမျိုးသားအလောင်းက ရေထဲခုန်ချပြီးသတ်သေဖို့လုပ်တာ လေးကြိမ်လောက်ရှိတယ်၊ နောက်တချိန်ခုန်ချတာကို မသိဘူး၊ အခုအလောင်းတွေ့မှ ဆိပ်ကမ်းက လူတွေကသိတာ၊ အမျိုးသမီးကိုတော့မသိဘူး။"

ရန်ကုန်မြစ်အတွင်းမှ တွေ့ရှိခဲ့တဲ့ အမျိုးသားနဲ့အမျိုးသမီးအလောင်းကို လင်းလက်ပရဟိတအဖွဲ့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်ကလည်း လမ်းမတော်မြို့နယ် စဉ့်အိုးတန်းဆိပ်ကမ်း အမှတ် ၂ ဘောတံတားအနီး ရန်ကုန်မြစ်အတွင်းမှာ သေဆုံးနေတဲ့ အသက်လေးဆယ်အရွယ် အမျိုးသားတဦးရဲ့အလောင်းကို တွေ့ရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013