DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ်အတွင်း ငွေကျပ်သန်းပေါင်း ၃၀,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ 
DVB
·
September 26, 2025
ရန်ကုန်မြစ်အတွင်း ငွေကျပ်သန်းပေါင်း ၃၀,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ 
Donate to DVB

ရန်ကုန်မှာ ငွေကျပ်သန်းပေါင်း ၃၀,၀၀၀ လောက် တန်ဖိုးရှိတဲ့ အိုက်စ် စိတ်ကြွမူးယစ်ဆေးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီရဲ့ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့ (CCDAC) က စက်တင်ဘာ ၂၅ ရက် ညမှာ ထုတ်ပြန်ပါတယ်။

ရေကြောင်းရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်း ၁ နာရီခွဲက ရန်ကုန်မြစ်ထဲမှာ ကင်းလှည့်နေတုန်း ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်၊ မြစ်သုံးဆိုင်ရေပြင်နားမှာ ခင်မောင်လင်းနဲ့ သက်ပိုင်ထူး (ခ) သက်ပိုင် တို့ကို သမ္ဗန်စက်လှေနဲ့ သယ်ဆောင်လာတဲ့ အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလို (ဒေသတန်ဖိုးငွေကျပ် သန်း ၂၉,၉၁၀) နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်အရ အဲဒီ အိုက်စ် မူးယစ်ဆေးတွေကို တင်ဆောင်ပေးသူ ကျော်စိုးမင်းကို ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်မှာ စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီခွဲက ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ အိုက်စ်တွေကို သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး (ခ) ကျော်ကြီးကို အဲဒီနေ့ မွန်းလွဲ ၁ နာရီက ပုဇွန်တောင်မြို့နယ်မှာ၊ ဇော်မင်းနိုင် (ခ) ဇော်မင်းလတ်ကို ရန်ကင်းမြို့နယ်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ အိုက်စ်တွေကို ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြစ်၊ မြက်စိမ်းကျွန်းဆီကို သဲစုပ်စက်လှေနဲ့ ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ) အကြီးကောင်ကို ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စက်လှေတစီးနဲ့ စက်တင်ဘာ ၁၇ ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိတဲ့ အိုက်စ်တွေကို သယ်ဆောင်ခိုင်းသူဟာ ကိုထွန်း (ခ) အောင်ကျော်စွာမြင့် ဖြစ်ပြီး သူ့ကိုတော့ ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။

အိုက်စ်တွေကို ရန်ကုန်မြို့၊ မြက်စိမ်းကျွန်းကတဆင့် ပင်လယ်ဝဆီကို စက်လှေနဲ့ဆက်ပို့တာလို့ သိရပြီး ဖမ်းမိထားတဲ့သူတွေ အရေးယူထားသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013