DVB Logo
Home
မြန်မာသတင်း
မြင်းမူတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ကျွန်းလှမြို့နယ် ရွာ ၂ ရွာကို စစ်တပ်က မီးရှို့
DVB
·
January 7, 2023
မြင်းမူတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ကျွန်းလှမြို့နယ် ရွာ ၂ ရွာကို စစ်တပ်က မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြင်းမူမြို့နဲ့ ဝမ်းပြည့်ရွာကြားမှာ ဇန်နဝါရီ ၇ ရက် မနက် ၆ နာရီဝန်းကျင်လောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) နဲ့ မဟာမိတ်တွေက အထူးပြုလုပ်ထားတဲ့ ပြင်းအားမိုင်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေးဆုံးပြီး ဒဏ်ရရသူတွေလည်း ရှိတယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားများက တော်လှန်ရေးအဖွဲ့တွေကို ပြန်လည် ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ People's Army To Fight Dictatorship (PAFD).တပ်ခွဲDK PDF(MMU)၊ People's Knight Defense Force Myinmu(PKDF.MMU)၊ TAUNGTHA People  Defense Force (TTAPDF) ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်က ထန်းပင်ကုန်းနဲ့  ကြာတကန်ရွာကို  ဇန်နဝါရီ ၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တဲ့ အတွက် ပြည်သူ ၂၅၀၀ ကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြာတကန်ရွာနေ အမျိုးသားတဦးက "ညနေ ၅ နာရီကျော်လောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ပြီး ရွာထဲဝင်လာတယ်။ ရွာက လူတွေ သူတို့ဝင်လာတော့ ထွက်ပြေး နေချိန် ရွာကို မီးရှို့တယ်။ နှစ်ရွာစလုံးကို မီးရှို့တာ။ စစ်တပ်ရှိနေသေးတော့ ရွာကို မဝင်ရဲသေးဘူး" လို့ ပြောပါတယ်။

လတ်တလော ဒေသခံတွေ ထွက်ပြေးနေရတဲ့အတွက် မီးလောင်ဆုံးရှုံး ပျက်စီးထိခိုက်မှု အခြေအနေကို တိတိကျကျ မသိရဘူးလို့လည်း ဆိုပါတယ်။

ကျွန်းလှမြို့နယ် အင်တိုင်းကျေးရွာကို ဒီဇင်ဘာ ၆ ရက်က စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့လို့  နေအိမ် ၁၄၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013