DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဖြိုချရန် “မမများနဲ့ပွဲကမယ်” စတုတ္ထပရောဂျက်စ
DVB
·
January 6, 2023
စစ်ကောင်စီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဖြိုချရန် “မမများနဲ့ပွဲကမယ်” စတုတ္ထပရောဂျက်စ
Donate to DVB

မြန်မာနိုင်ငံအလယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဖြိုချနိုင်ဖို့အတွက် တော်လှန်ရေးအဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” စတုတ္ထပရောဂျက်စတင်လိုက်ပြီး အားလုံးပါဝင် ထောက်ပံ့နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

“စတုတ္ထမမနဲ့ အတူ စကစရဲ့အညှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကြီးကို ဖြိုကြမယ်။ ပွဲကဖို့ စောင့်ရတာ အချိန်နည်းနည်းလေးကြာသွားလို့ ရွှေစိတ်တော်ညိုနေကြပြီလား ရဲဘော်ရဲဘက်ကောင်း တော်လှန်ပြည်သူ အပေါင်းတို့ရေ… လက်ဖက်ကောင်းစားရဖို့ တခါတလေတော့လဲ ပလောင်လေး တောင်တက်နှေးပါရစေနော်။ မျှော်နေဆဲမှာပဲ “စတုတ္ထမမ” ပွဲထွက်လို့လာပါပြီ။ ကြေညာထားသလိုပဲ စတုတ္ထမမနဲ့ စကစရဲ့ အ သည်းညှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးကို ဖြိုချကြဦးစို့။ တော်လှန်ရေးရေချိန်မြှင့်လာပြီမို့ မြန်မြန်ဖြိုဖို့၊ များများစုကြဦးစို့… မမတွေနဲ့ ပြည်သူက ငွေရှာ၊ ကာဝန်ကိုငွေပို့၊ ကာဝန်က ပစ္စည်းတပ်ဆင်ပေးရေး၊ လေ့ကျင့်ရေးနဲ့ မစ်ရှင်ဖော်ဆောင်ရေးအပိုင်းကို ပြည်သူ့ရဲဘော်တပ်ရင်းတွေနဲ့ ဗျူဟာကျကျ ချိတ်ဆက်မိမိ လှူပ်ရှားလာခဲ့ကြတာ ရှေ့ပွဲတွေရဲ့ အောင်ပွဲသတင်းဟာ မည်သို့ပင်ခြေသံလုံစေကာမူ ကောင်းသတင်း တွေ လျှံနေတာပါပဲ။”

ဒီကမ်ပိန်းမှာလည်း ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ မလေးရှား၊ နယ်သာလန်၊ နယူးဇီလန်၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ ထိုင်း၊ ထိုင်ဝမ်၊ ယူအေအီး၊ ယူကေနဲ့ အမေရိကန် စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေအသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ပေးပို့ကူညီသွားမယ်လို့ ပြောထားပါတယ်။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၂ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထား ရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဟာလည်း စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက် ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေတာပါ။

“စတုတ္ထမမနဲ့ အလယ်ပိုင်းတိုင်းကို အနိုင်ပိုင်းကြစို့လား။ ဒီနေရာမှာ တော်လှန်ပြည်သူတွေကို သတိပေးချင်၊ မေတ္တာရပ်ခံချင်တဲ့အချက်လေးတစ်ခုနဲ့ ကြွားချင်တာလေးတစ်ခုရှိပါတယ်။ မမပရောဂျက်မှာ ပါဝင် ထောက်ပို့ဖို့အတွက် 📌 www.wlmf.org ကိုနှိပ်လိုက်ရုံနဲ့ နိုင်ငံအသီးသီးမှာရှိကြတဲ့ မမတာဝန်ခံတွေကို သေချာရွေးချယ်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချစွာ လွယ်လင့်တကူ၊ တိုက်ရိုက်ပါဝင်ထောက်ပို့နိုင်တာမလို့ တဆင့်ပါဝင်ခြင်းတွေထက် တိုက်ရိုက်ထောက်ပို့ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကြွားချင်တာကတော့ မိမိထောက်ပို့လိုက်တဲ့ ဂုဏ်ပြုမှတ်တမ်းက မမပရောဂျက်က တရားဝင်ထုတ်ပေးတဲ့မှတ်တမ်းဟုတ်၊ မဟုတ်ကို အလွယ်တကူစစ်ဆေးနိုင်ဖို့နဲ့  အတုပ လုံးဝလုပ်မရစေဖို့ စတုတ္ထမမမှတ်တမ်းတိုင်းမှာ “QR Code” လေးပါပါမယ်။ QR Code လေးကို scan ဖတ်လိုက်တာနဲ့ မိမိလက်ထဲမှာရောက်နေတဲ့ မှတ်တမ်း နံပါတ်နဲ့ မှန်၊ မမှန်တိုက်စစ်လို့ရမှာပဲဖြစ်ပါတယ်။ နည်းပညာပိုင်းတွေပိုအားစိုက်ပြီး အမြဲကောင်းတာထက် ပိုကောင်းစေဖို့ကြိုးစားရတာက တော်လှန်ပြည်သူတွေရဲ့ ချွေးနည်းစာတစ်ကျပ်တစ်ပြားကအစ အလေ လွင့်၊ အဆုံးရှူံးမခံနိုင်တာရယ်၊ လေလွင့်ငွေတွေဟာ တော်လှန်ရေးအတွက် တစ်ရက်ဆိုတစ်ရက်ကြန့်ကြာစေတာမျိုးမဖြစ်စေဖို့ပါပဲ။ ဒါကြောင့် မမတို့ရဲ့ Official Website ဖြစ်တဲ့ 📌 www.wlmf.org ကနေ “Official Fund Raiser” မှတဆင့် တိုက်ရိုက်ထောက်ပို့ပေးကြဖို့ ထပ်လောင်းမေတ္တာရပ်ခံချင်ပါတယ်။ ဆိုတော့မျှော်နေခဲ့ကြတဲ့ စတုတ္ထမမနဲ့အတူ တော်လှန်နှစ်သစ်အောင်ပွဲဖြစ်စေဖို့ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ စကစရဲ့အသည်းညှာထောက်တိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးကို အားနဲ့အင်နဲ့ဖြိုပစ်ရအောင်။”

“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီးအတွက် ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅,၀၀၀ ပရောဂျက်မှာလည်း မျှော်မှန်းတဲ့ပမာဏထက်ကျော်လွန်ကာ ကျပ်သိန်း ၂၇,၀၀၀ ကျော်ထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းက စစ်အာဏာရှင်တော်လှန်ရေးမှာ လိုအပ်ချက်တွေ ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” တတိယပရောဂျက်မှာလည်း ငွေကျပ် သိန်းပေါင်း ၁၅,၄၃၀ ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013