DVB Logo
Home
မြန်မာသတင်း
မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
DVB
·
September 29, 2024
မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
1 / 2
Donate to DVB

မန္တလေးမြို့ နန်းတွင်းထဲမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲကို စက်တင်ဘာ ၂၉ ရက် ဒီနေ့ မနက် ၂ နာရီခွဲ၀န်းကျင်မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ဆီကနေ သိရပါတယ်။

BWM ရဲ့ ပြန်ကြားရေးတာ၀န်ခံတ‌ယောက်က“ဟုတ်ပါတယ်။ မစ်ရှင် ၂၂ အနေနဲ့ မန္တလေးနန်တွင်း လပခ ထဲကို ၁၀၇ မမ ရှော့တိုက် ၆ လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ အားလုံး ပစ်မှတ်ထဲကို ရောက်ပါတယ်။ သူတို့ဘက်က ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ စုံစမ်းနေဆဲပါ။ မစ်ရှင်ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေက အတွင်းစည်းထဲအထိ ၀င်ပစ်ပြီး အားလုံးဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ခဲ့ကြပါတယ်” လို့ DVB ကို ပြောပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဟာ စစ်ကောင်စီတပ်ရဲ့ အဓိကအားထားရတဲ့ စစ်တိုင်းဌာနချုပ် ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

BWM နဲ့ မဟာမိတ်အဖွဲ့တွေဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို ၂၀၂၃ ဒီဇင်ဘာလထဲမှာ ပထမအကြိမ်၊ ၂၀၂၄ စက်တင်ဘာလထဲမှာ ဒုတိယအကြိမ်နဲ့ အခုအကြိမ်ဟာ တတိယအကြိမ်မြောက်အဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်‌ သေဆုံးတာကိုတော့ မသိရသေးပါဘူး။

မန္တလေးမြို့ခံတယောက်က “ခေါင်မိုးတွေပေါ်ကနေ ရှော့တိုက်ဒုံးတွေပျံတာတွေ တရွှီးရွှီးနဲ့ စက္ကန့်ပိုင်းအတွင်း နန်းတွင်းထဲက ပြင်းပြင်းထန်ထန် ပေါက်ကွဲသံတွေ ကြားရတာပဲ။ မြေကြီးတွေတောင် တုန်တယ်ဗျ။ အခုမနက်ပိုင်းတော့ နန်းတွင်းပတ်ချာလည် အစစ်အဆေးကြမ်းနေတယ်” လို့ DVB ကို ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013