DVB Logo
Home
မြန်မာသတင်း
BPLA တပ်တော်ခေါင်းဆောင် မောင်ဆောင်းခနှင့် တော်လှန်ရေးရဲဘော်များ (ဓာတ်ပုံ)
DVB
·
January 6, 2023
BPLA တပ်တော်ခေါင်းဆောင် မောင်ဆောင်းခနှင့် တော်လှန်ရေးရဲဘော်များ (ဓာတ်ပုံ)
1 / 10
Donate to DVB

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ မတရားသိမ်းယူလိုက်ပြီးနောက် စစ်အာဏာရှင်ကို ရရာလက်နက်စွဲကိုင် တော်လှန် တိုက်ခိုက်ဖို့ ဖွဲစည်းတည်ထောင်ခဲ့တဲ့ လက်နက်ကိုင်တပ်တွေထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)လည်း တခုအပါအဝင်ဖြစ်ပါတယ်။ 

BPLA တပ်တော်ရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ စစ်တပ်အာဏာမသိမ်းခင်က လူ့အခွင့်ရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားခဲ့တဲ့ ကဗျာဆရာမောင်ဆောင်းခ ဖြစ်ပြီး သူဟာ ကျောက်ပန်းတောင်းဇာတိ အညာသား ဗမာလူငယ်တစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာတော့ BPLA တပ်တော်အမည်နဲ့ လက်နက်အင်အားလူအင်အားအတန်အသင့် စုဆောင်းထားနိုင်ပြီဖြစ်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုအာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဖက်ဒရယ်ပြည်ထောင်စု သစ်ပေါ်ထွန်းရေးအတွက် အနှောင့်အယှက်အဟန့်အတားဖြစ်မယ့် ဘယ်အာဏာရှင်ကိုမဆို တော်လှန်ပုန်ကန်သွားမယ်လို့ မောင်ဆောင်းခက ဆိုထားပါတယ်။

တစ်ကိုယ်ရေစာရှေ့တန်းတင်မှုတွေရှိနေရင် တောထဲမှာနေနေပေမဲ့ တော်လှန်ရေးလုပ် နေတယ်လို့ ဘယ်မည်ပါ့မလဲ။ အများပြည်သူရဲ့ လုံခြုံရေးနဲ့လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်ကြရတဲ့အခါ တဦးချင်းလွတ်လပ်ခွင့်နဲ့ လိုဘတွေကို ချိုးနှိမ်မထားနိုင်ရင် ရည်မှန်းချက်တွေအထမြောက်ဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် ကျနော်တို့စစ်သင်တန်းမှာ "ရန်သူကိုမတော်လှန်ခင် ကိုယ့်ကိုယ်ကို အရင်တော်လှန်ရမယ်"လို့  အမြဲမပြတ် သင်ကြားပြောဆို ပေးခဲ့တာဖြစ်တယ်လို့ သူကပြောဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က ကိုးကန့်တပ်မတော်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က  မြန်မာနိုင်ငံအနှံ့အပြားက လူမျိုးပေါင်းစုံ ပါဝင်တဲ့ တပ်မဟာ ၆၁၁ တိုင်းရင်းသားတပ်မဟာ အမှတ်စဉ် ၂ စစ်သင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါတယ်။ 

အဲ့ဒီသင်တန်းမှာ ပါဝင်ကြီးကြပ်သူတစ်ဦးလည်းဖြစ်တဲ့ BPLA ခေါင်းဆောင် မောင်ဆောင်းခက (၆၁၁)တိုင်းရင်းသားတပ်မဟာရဲ့ သင်တန်းဆင်းပွဲဟာ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ ပြောင်းလဲတိုး တက်မှုတစ်ရပ်ဖြစ်ကြောင်းနဲ့ NUG/PDF ၊ BPLA နဲ့ ERO အဖွဲ့တွေဟာ အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ညီညွတ်စွာလက်တွေ့ကျကျ ပြင်ဆင်နေကြပြီလို့ ထုတ်ဖော်ပြောကြားထားပါတယ်။

Photo Essay - JPaing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013