DVB Logo
Home
မြန်မာသတင်း
Federal Wings ​ဒရုန်းတပ်ဖွဲ့က ၂၀၂၂ အတွင်း ဒရုန်းစစ်ဆင်မှုပေါင်း ၄၃၇ ကြိမ်ပြုလုပ်ခဲ့
DVB
·
January 5, 2023
Federal Wings ​ဒရုန်းတပ်ဖွဲ့က ၂၀၂၂ အတွင်း ဒရုန်းစစ်ဆင်မှုပေါင်း ၄၃၇ ကြိမ်ပြုလုပ်ခဲ့
Donate to DVB

စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဝေဟင်ကနေ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၄၃၇ ကြိမ် တိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် Federal Wings ​ရဲ့ တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး မစ်ရှင်တွေနဲ့ တိုက်ခိုက်ရေးဒရုန်း အမျိုးအစားအသစ် စမ်းသပ်ထုတ်လုပ်မှုတွေကိုလည်း အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ နဲ့ တပ်မဟာ ၆ နယ်မြေတွေအတွင်းရှိ ထိတွေ့တိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲကြီးတွေမှာလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မြေပြင်သတင်းတွေအရ အဆိုပါတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ လောက် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပေမဲ့ Federal Wings တပ်ဖွဲ့ဝင်တွေဘက်ကတော့ တချို့သာ ထိခိုက်မှုအနည်းငယ် ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့အတွက် သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOCIT) ​ရဲ့ ဦးဆောင်မှုနဲ့ Federal Wings Fundraise တွေကတဆင့် ကောက်ခံရရှိငွေ စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ ၂၆၅,၂၄၂ ရရှိခဲ့ကာ လွတ်လပ်ရေးကို လိုလားတဲ့ ပြည်သူလူထုအပေါင်း ထည့်ဝင်လှူဒါန်းထားတဲ့ အဆိုပါ ငွေကြေးတွေကို အလေအလွင့်မရှိစေဖို့နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့ တော်လှန်ရေး တိုက်ပွဲတွေမှာပဲ အကျိုးရှိစွာ အသုံးချနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အခုဖြစ်ပွားနေတဲ့ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်းတိုက်ပွဲနဲ့ ကြာအင်းဆိပ်ကြီး တိုက်ပွဲတွေမှာလည်း Federal Wings ဒရုန်းတပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ အင်အားဖြည့် ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ အများပြည်သူကို အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013