DVB Logo
Home
မြန်မာသတင်း
ဘားအံထောင်မှ ပြန်လွတ်လာသူ ၁၇၀ ရှိပြီး နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါ
DVB
·
January 5, 2023
ဘားအံထောင်မှ ပြန်လွတ်လာသူ ၁၇၀ ရှိပြီး နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါ
1 / 4
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့ (တောင်ကလေး) အကျဉ်းထောင်ကနေ ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ အယောက် ၁၇၀ ဦးရှိပြီး အဲဒီထဲမှာ နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရသူ အနည်းငယ်သာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဘားအံမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘားအံ (တောင်ကလေး) အကျဉ်းထောင်က အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၁၆ ဦး ပြန်လွတ်လာတာဖြစ်ပြီး  မာလာဖူးကျောက်ထုတ်စခန်းက ၁၇ ဦးနဲ့ လှာကမြင် စိုက်ပျိုးရေးစခန်းက ၂၃ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်လာတဲ့သူတွေဟာ လွတ်ရက်စေ့သူတွေ၊ တနှစ်အောက်ရှိတဲ့သူတွေကို လွှတ်ပေးတာဖြစ်ပြီး စစ်တပ်အဆက်ဆက် လုပ်ပုံလုပ်နည်းဖြစ်လို့ ထူးထူးဆန်းဆန်း မခံစားရဘူးလို့ ဘားအံမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

“နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်တဲ့လူတွေ လွတ်တာနည်းတယ်။ ဒီလူတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေတာ။ ဒီလူတွေ အဓိကထားပြီး လွှတ်ပေးသင့်တယ်။ အခုလွှတ်ပေးလိုက်တာက ခိုးဆိုးလုနှိုက်တွေများတယ်။ ဒါကတော့ ထူးဆန်းတဲ့အရာ မဟုတ်ဘူး။ စစ်ကောင်စီအဆက်ဆက် လုပ်ပုံလုပ်နည်းအတိုင်းပဲဖြစ်တယ်။”

တောင်ကလေးအကျဉ်းထောင်အတွင်းမှာ နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပါအဝင်၊ စည်ပင်ဝန်ကြီး၊ အန်အယ်လ်ဒီပါတီဝင်တွေ၊ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေ အပါအဝင် ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ စစ်ကောင်စီက မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရသူတွေနဲ့ စုစုပေါင်း ၂၀၀ နီးပါးလောက် ရှိနေပါတယ်။

နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသားပေါင်း ၇,၀၁၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013