DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်မြို့ တိုက်ဟောင်းတလုံးပေါ်ရှိ ရေတိုင်ကီထဲက မြန်မာအမျိုးသမီးအလောင်းတွေ့ရှိ
DVB
·
December 21, 2022
ဘန်ကောက်မြို့ တိုက်ဟောင်းတလုံးပေါ်ရှိ ရေတိုင်ကီထဲက မြန်မာအမျိုးသမီးအလောင်းတွေ့ရှိ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆွန်လုံနယ်မြေရှိ တိုက်ဟောင်းတစ်လုံးရဲ့ ရေတိုင်ကီထဲမှာ အလောင်း တလောင်းတွေ့ရှိပြီး ပျောက်ဆုံးနေတဲ့ မြန်မာအမျိုးသမီး တယောက်ရဲ့ အလောင်းလို့ ယူဆရ ကြောင်း  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက်က ဆွန်လုံနယ်မြေ ရမ်ခမ်းဟိုင်လမ်းရှိ နေအိမ် တအိမ်ရဲ့ရေတိုင်ကီထဲမှာ လူသေအလောင်းတွေ့ရှိကြောင်း သတင်းရလို့ သွားရောက်စစ်ဆေးခဲ့တယ်လို့  ဟွေ့မတ်နယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

၄ ထပ်တိုက်ဟောင်းတစ်လုံးရဲ့ အပေါ်ဆုံးထပ် လေသာဆောင်မှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး အလောင်းဟာ အမြင့် ၂ မီတာခန့်ရှိ ရေတိုင်ကီထဲမှာ ရှိနေတာပါ။ တိုင်ကီကိုဖျက်ပြီး အလောင်းကို ယူထုတ်ရာမှာ  အလောင်းက ပုပ်ပွနေပြီး တချို့နေရာမှာ အရိုးသာ ကျန်တဲ့အကြောင်း တီရှပ်နဲ့ ဘောင်းဘီတို ဝတ်ဆင်ထားပြီး ဆံပင်စည်းထားကာ သေဆုံးနေတာ လအတန်ကြာပြီလို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။

အနီးနားရှိ ဆောက်လုပ်ရေးအလုပ်သမား တယောက်က အဲဒီတိုက်ဟောင်းကို ပြုပြင်ဖို့ ပြီးခဲ့တဲ့ ၂ ရက်က ရောက်လာကြောင်း၊ အပေါ်ဆုံးထပ် တက်သွားတဲ့အခါမှာ အပုပ်နံ့တွေ နံနေလို့ လိုက်ကြည့်ရာက တိုင်ကီထဲမှာ လူသေအလောင်းတွေ့ပြီး အလုပ်ရှင်ကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။ 

အလုပ်ရှင်ကလည်း သူတို့အဲဒီအိမ်ကို ပစ်ထားတာ ၃ နှစ်ရှိပြီဖြစ်ကြောင်း၊ ဒီနှစ်ထဲမှာမှ ပြန်လည်ပြုပြင်မွမ်းမံဖို့ အလုပ်သမားတွေ ခေါ်ခဲ့ကြောင်း၊ လူသေအလောင်းကိစ္စ ဘာမှမသိရဘဲ အလောင်းက ဘယ်လိုလုပ် တိုင်ကီထဲ ရောက်နေသလဲဆိုတာ စဉ်းစားလို့မရကြောင်း၊ ဒီမတိုင်ခင်က ဆောက်လုပ်ရေး အလုပ်သမား ၄ ယောက်ကို ငှားရမ်းခဲ့သေးတယ်လို့ ပြောပါတယ်။ 

ရဲစခန်းက အရင်အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးနေစဉ် ဒီဇင်ဘာ ၂၀ ရက်မှာ နန်းဟွန့် ဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက် ရောက်လာပြီး အဆိုပါအလောင်းဟာ လွန်ခဲ့တဲ့ ၆ လက ပျောက်ဆုံးသွားတဲ့ အစ်မဝမ်းကွဲ နန်းငင်း (အသက် ၃၀ နှစ်) ရဲ့အလောင်း ဖြစ်တယ်လို့ လာပြောပါတယ်။

သေဆုံးသူရဲ့ အဝတ်အစားနဲ့ ဆံပင်စည်းထားပုံ၊ တိုင်ကီနားက စောင်တွေကို မှတ်မိနေကြောင်း၊ နန်းငင်းမှာ အရင်က ချွန်းပူးရီးခရိုင် ဘဲမွေးမြူရေးခြံမှာ အလုပ်လုပ်ခဲ့ကြောင်း၊ သူဟာ စိတ်သိပ်မမှန်ဘဲ တနေ့မှာ ဘဲဥတွေ ခိုးစားစဉ် ပိုင်ရှင်သူဌေး သိသွားပြီး နောက်တခါလုပ်ရင် ရဲကို လာဖမ်းခိုင်းပြီး မြန်မာပြည်ပြန်ပို့ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်ပိုင်း နန်းငင်းမှာ ပုန်းရှောင်နေတတ်ကြောင်း၊ တနေ့ တောထဲမှာ သွားပုန်းနေလို့ နန်းဟွန့်တို့က ပြန်ခေါ်လာပြီး အလောင်းတွေ့တဲ့ အိမ်နဲ့ ၃-၄ အိမ်ပဲခြားတဲ့အခန်းမှာ အတူ ခေါ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီမှာ ၄ ရက်လောက်နေပြီး တခါပြန်ပျောက်သွားကြောင်း၊ သူတို့အနေနဲ့ စိတ်ရှုပ်ပြီး ရဲကိုလည်း မတိုင်ခဲ့ရဘူးလို့ ပြောပါတယ်။

ရဲစခန်းကတော့ သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ဖို့ DNA စစ်ဆေးရဦးမှာ ဖြစ်ကြောင်း၊ ဒါကြောင့် သေဆုံးသူ ကိုင်တွယ်အသုံးပြုခဲ့တဲ့ အဝတ်အစားနဲ့ ပစ္စည်းတွေ ရဲစခန်းကို လာပို့ပေးဖို့ ပြောထားတယ်လို့ ဆိုပါတယ်။ 

Ref-MGR Online

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013