DVB Logo
Home
မြန်မာသတင်း
မင်းတုန်း တောင်သူများ၏ ငရုတ်စိုက်ခင်းတွင် ပ.က.ဖ Eagle တပ်ဖွဲ့ဝင်များကူညီ (ဓာတ်ပုံ)
DVB
·
December 13, 2022
မင်းတုန်း တောင်သူများ၏ ငရုတ်စိုက်ခင်းတွင် ပ.က.ဖ Eagle တပ်ဖွဲ့ဝင်များကူညီ  (ဓာတ်ပုံ)
1 / 4
Donate to DVB

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေက ဒီဇင်ဘာ ၁၁ ရက်ကစပြီး ဒေသခံတောင်သူတွေရဲ့ စိုက်ခင်းတွေကို ကူညီလုပ်ကိုင်ပေးနေတယ်လို့ သရက်၊ ကံမ၊ မင်းတုန်း ပူးပေါင်း ပ.က.ဖ Eagle Force တပ်ဖွဲ့ကနေ သိရပါတယ်။

Eagle Force တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မင်းတုန်းမြို့နယ် ဒေသခံတောင်သူတွေ အနေနဲ့ ငရုတ်သီးပေါ်ချိန်မှာ လုပ်သားခေါ်ယူရတာ ခက်ခဲတာကြောင့် ပြည်သူလူထုရဲ့ အခက်အခဲတွေကို ကူညီလုပ်ကိုင်ပေးတဲ့အနေနဲ့ ကျနော်တို့တပ်ဖွဲ့က ရဲဘော်တွေက ငရုတ်သီးတွေ ဝိုင်းကူခူးပေးခဲ့ကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပ.က.ဖ ရဲဘော်တွေဟာ ပြည်သူလူထုက ပေါက်ဖွားလာတာဖြစ်လို့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ကူညီပံ့ပိုးနဲ့အနေနဲ့ ပဲ၊ နှမ်း၊ စပါး ထွန်ယက်၊ ရိတ်သိမ်းတဲ့ ရာသီတွေမှာလည်း ဒေသခံတောင်သူတွေရဲ့ လုပ်ငန်းခွင်တွေကို ဝိုင်းဝန်းကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

မင်းတုန်းမြို့နယ်ထဲကို သြဂုတ်လအတွင်းက စစ်ကောင်စီဘက်က အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့လို့ ဒေသခံတွေရဲ့ လယ်တွေနဲ့ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရသလို လက်ပွရွာနဲ့ မှိုက်ရွာက ဒေသခံပြည်သူတချို့ကို PDF လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားကြတယ်လို့ ပြောပါတယ်။

Eagle Force တပ်ဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ ပြည်သူလုထုရဲ့ အခက်အခဲတွေကို ကူညီပံ့ပိုးပေးရင်း စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့လည်း မိမိတို့တတ်နိုင်တဲ့ နေရာကနေ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013