DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် တေးရေးတေးဆို သျှန်ထွဏ်း (မြန်မာစာ) ပြန်လွတ်
DVB
·
December 11, 2022
ဖမ်းဆီးခံထားရသည့် တေးရေးတေးဆို သျှန်ထွဏ်း (မြန်မာစာ) ပြန်လွတ်
Donate to DVB

ဖမ်းဆီးခံထားရတဲ့ တေးရေး တေးဆို သျှန်ထွဏ်း (မြန်မာစာ) ဟာ ဒီဇင်ဘာ ၁၀ ရက်က ပြန်လည်လွတ်လာတယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။

"ဟုတ်ပါတယ် မနေ့က ပြန်လွတ်လာတာပါ။ ကိုဖိုးချစ်တော့ မပါသေးဘူးလို့သိရတယ်" လို့ နီးစပ်သူတဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

သရုပ်ဆောင် ဇာတ်မင်းသားဖိုးချစ်နဲ့ တေးရေး၊ တေးဆိုသျှန်ထွဏ်း ( မြန်မာစာ) တို့ အပါအဝင် ၄ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ရက် မှာ စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ သိရပါတယ်။

ဖိုးချစ်၊ သျှန်ထွဏ်း(မြန်မာစာ) အပါအဝင် ၄ ဦး ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို တိတိကျကျ မသိရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေမှာတော့ ဖိုးချစ်နဲ့ သျှန်ထွန်း (မြန်မာစာ) တို့ဟာ တော်လှန်ရေးရဲဘော်‌တွေကို ကူညီထောက်ပံ့တာကြောင့် အဖမ်းခံရတာလို့ ရေးသားဖော်ပြနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013