DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာရှိ ကျောင်းပိုင်မြေတွင် အငှားချထားသည့်ဆိုင်ခန်းများ လာမည့်နှစ်ဖယ်ပေးရမည်
DVB
·
December 10, 2022
မြောက်ဥက္ကလာရှိ ကျောင်းပိုင်မြေတွင် အငှားချထားသည့်ဆိုင်ခန်းများ လာမည့်နှစ်ဖယ်ပေးရမည်
Donate to DVB

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောင်းပိုင်းမြေမှာ အငှားချထားတဲ့ ဆိုင်းခန်အားလုံး ၂၀၂၃ ခုနှစ် ဇွန်လမှ  ဖယ်ရှားပေးရတော့မယ်လို့  ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်နောက်ဆုံးထားပြီး မြောက်ဥက္ကလာပမြို့နယ်၊ ဋ ရပ်ကွက်ရှိ အထကခွဲ (လ ၃) ကျောင်းရှေ့က ဆိုင်ခန်းတွဲ အခန်း ၂၀၊ “ည” ရပ်ကွက် အထက ( ၃ ) ကျောင်းရှေ့က ဆိုင်ခန်းတွဲ အခန်း ၂၀ နဲ့  (၂) ရပ်ကွက်ရှိ အလက (၆) ကျောင်းရှေ့က ဆိုင်ခန်းတွဲ ၁၀ ခန်းကို ဖယ်ရှားပေးဖို့ မြို့နယ်ပညာရေးမှူးရုံးက နိုဝင်ဘာ ၂၃ ရက်မှာ စာထုတ်ကြောင်းကြားထားတာပါ။ 

ခုလို အကြောင်းကြားခဲ့ပေမဲ့ စာသင်ကျောင်းတွေရဲ့ရှေ့မှာ ဆောက်ထားတဲ့ လူနေဆိုင်ခန်းတွဲ အခန်း ၅၀ ကို ၂၀၂၃ စာသင်နှစ် မတိုင်ခင် ဇွန်လအထိ ဆက်လက်ဖွင့်ခွင့်ပြုထားတယ်လို့ ဆိုင်ခန်းတွဲပိုင်ရှင်တွေကနေ သိရပေမဲ့ ပညာရေးမှူးရုံးဘက်က တရားဝင်စာထုတ်ထားမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ကျောင်းဆိုင်ခန်းဖွင့်လှစ်ထားသူ တဦးက  “ ၈ ရက်နေ့ နောက်ဆုံးလို့ ဆိုတော့  ဆိုင်က ပစ္စည်းတွေ အိမ်ပြန် သယ်ထားလိုက်တယ်။ ၆ လပိုင်းအထိ သက်တမ်းတိုးမယ် ၂၀၂၃ ဇွန်လ ကျောင်းမဖွင့်ခင် အထိလို့ ပြောတယ်။ ဆောက်တာက ကျောင်းကပဲ ဆောက်ထားတာ။ ကျောင်းက ဆောက်ပြီးမှ ရောင်းစားထားတာ။ ပိုင်ရှင်သက်သက် ရှိတယ်။ ညီမတို့က  လချင်းပေး တလ ၃ သိန်းနဲ့ ပြန်ငှားထားတာ"လို့ ဆိုပါတယ်။ 

ကျောင်းဆိုင်ခန်းတွဲတွေဟာ ၂၀၀၁ ခုနှစ်ကတည်းက ရှိခဲ့တာဖြစ်ပြီး သစ်သားဆိုင်ခန်းတွေကနေ တိုက်ခန်းတွဲတွေအဖြစ် ၂၀၀၉ ရောက်မှ ပြောင်းလဲဆောက်ခဲ့တာလို့ သိရတဲ့အပြင်  ၂၀၁၄ ခုနှစ်ကလည်း ဖျက်သိမ်းဖယ်ရှားပေးဖို့ နို့တစ်စာ ပေးပို့ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဆိုင်ပိုင်ရှင် တဦးက  “ ဆိုင်မှာ ရေခွန်၊ မီးခွန်၊ အမှိုက်ခွန်က အစဆောင်ရတယ်။ သူတို့ ပို့တဲ့စာမှာ ကျောင်းဌာနပိုင်မြေကို ငှားထားတဲ့ စာချုပ်သက်တမ်းကုန်လို့  ဖယ်ပေးပါပေါ့။ မဖယ်ရင် အရေးယူမယ်ဆိုတာ ပါတယ်။ ကြည့်ရတာ  ရွေးကောက်ပွဲအပြီးထိ မဖျက်ခိုင်းသေးဘူးနဲ့ တူတယ်။ နောက်နှစ် ၆ လပိုင်းအထိလို့လည်း ကြားတယ်။  စာလာပေးတဲ့ အဖွဲ့တွေက ဒီဆိုင်ခန်းတွေကိုပါ ကျူးလို့ သုံးနှုန်းသွားတာ” လို့ ပြောပါတယ်။

အဆိုပါ ဆိုင်ခန်းတွဲကိစ္စတွေနဲ့ပတ်သက်လို့ မြို့နယ်ပညာရေးမှူးရုံးကို  ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013