DVB Logo
Home
မြန်မာသတင်း
YFA အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀ ကျော် အလုပ်ထုတ်ခံရ
DVB
·
November 30, 2022
YFA အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀ ကျော် အလုပ်ထုတ်ခံရ
Donate to DVB

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ ဖွင့်ထားတဲ့ YFA အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀ လောက်ကို အလုပ်ကနေ ရပ်စဲလိုက်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ကနေ သိရပါတယ်။

အဲဒီစက်ရုံက အလုပ်သမား ၃၀၀ လောက်နဲ့ လည်ပတ်နေတာဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်က အလုပ်သမားအားလုံးကို အလုပ်က ရပ်စဲလိုက်တာဖြစ်ပါတယ်။

စက်ရုံ ရုံးပိုင်းဝန်ထမ်းတွေနဲ့ စက်ခန်းအလုပ်သမားတွေအကြား စည်းကမ်းပိုင်း ခွဲခြားမှုတွေရှိတာကို ပြောဆို အငြင်းပွားရာကနေ အလုပ်သမားတွေကို အလုပ်က ရပ်စဲလိုက်တာလို့ STUM မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

“အလုပ်သမားတွေကို ကိုယ့်သဘောနဲ့ကိုယ် ထွက်တဲ့သဘောမျိုး လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးရင် ဒီလအတွက် လစာမပေးဘူးပြောတယ်။”

စက်ရုံဘက်က ကြိုတင်အသိပေးတာမရှိဘဲ တဖက်သတ် အလုပ်ကရပ်စဲလိုက်တာဖြစ်လို့ တလစာ နို့တစ်ကြေးပေးဖို့ကိုတော့ နှစ်ဖက်ညှိနှိုင်းထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်လည်းဖြစ်သူက “မနက်ဖြန်တော့ နို့တစ်ကြေးပေးမပေးဆိုတာ အကြောင်းပြန်မယ်ပြောတယ်။ ဒီနေ့ညှိတာတော့ အဖြေမထွက်ဘူး” လို့ ပြောပါတယ်။

အဲဒီစက်ရုံဟာ ဝါးတရာစက်မှုဇုန်မှာ ဖွင့်ထားတဲ့ YFA စက်ရုံရဲ့ ရုံခွဲတခုဖြစ်ပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တာလို့ သိရပါတယ်။

စက်ရုံဖွင့်လှစ်ထားတာ ၆ လလောက်သာရှိသေးပြီး အခုလို အကြောင်းပြချက်မခိုင်လုံဘဲ အလုပ်သမားအားလုံးကို ထုတ်တဲ့အခြေအနေ ဖြစ်လာတာပါ။

YFA စက်ရုံမတိုင်ခင်က အလုပ်သမား ၁၀၀ လောက်နဲ့ လည်ပတ်နေတဲ့ ရွှေပြည်သာမြို့နယ်က Myanmar Forjs Apparel စက်ရုံဟာလည်း အလုပ်သမားတွေကို နို့တစ်ကြေးမပေးဘဲ ရုတ်တရက် ပိတ်သိမ်းခဲ့ပါတယ်။

အလားတူ အဲဒီမြို့နယ်က မိဘမေတ္တာအထည်ချုပ်စက်ရုံနဲ့ Yi Cai အထည်ချုပ်စက်ရုံတွေလည်း ဒီနှစ်ထဲ နစ်နာကြေးအပြည့်မပေးဘဲ ပိတ်သိမ်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013