DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာပို့ခွင့်ပြုသည့် ထောင်ပိုင် ၁ ဦး စစ်ဆေးခံနေရ
DVB
·
November 26, 2022
ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာပို့ခွင့်ပြုသည့် ထောင်ပိုင် ၁ ဦး စစ်ဆေးခံနေရ
Donate to DVB

အင်းစိန်ထောင်ဗုံးကွဲပြီး ထောင်ဝင်စာ ပို့ခွင့် ပိတ်ထားချိန် ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာ ပို့ခွင့် ပြုခဲ့တဲ့ ထောင်ပိုင်တဦးကို စစ်ဆေးနေတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ငွေကြေးရယူကာ ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာ ဆက်တိုက်ပို့ခွင့်ပြုခဲ့လို့ ဝန်ထမ်းအချင်းချင်း တိုင်ကြားရာက အဲဒီထောင်ပိုင်ကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ 

အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူက "အခွင့်ထူးခံပေါ့။ ပိုက်ဆံရလို့ ပို့ခွင့်ပြုတာ။  ပို့ခွင့်ပြုတဲ့ ထောင်ပိုင်ကို အခု ခုံရုံးဖွဲ့ပြီး စစ်နေတယ်။ တာဝန်က အနားပေးမလား။ ဖမ်းဆီးအရေးယူမလား မသိသေးဘူး။ နာမည်ကတော့ ထုတ်ပြောလို့ မရဘူး" လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက်က အင်းစိန်အကျဥ်းထောင် ဗုံးပေါက်ကွဲကာ ဝန်ထမ်း သုံးယောက်နဲ့ ထောင်ဝင်စာပို့သူ ၅ ယောက် သေဆုံးခဲ့သလို ၁၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီးနောက် ထောင်ဝင်စာပို့ခွင့်ကို  အောက်တိုဘာ ၃၁ ရက်အထိ နှစ်ပတ်လောက် ပိတ်ထားခဲ့ရာက နိုဝင်ဘာ ၁ ရက်က စပြီး ထောင်ဝင်စာပို့ခွင့် ပြန်လည်လက်ခံခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ-၂၄နဲ့ အမှု ရင်ဆိုင်နေရတဲ့ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူကို ဇေသီဟတို့ကို မတ် ၂၂ ရက်မှာ ဗဟန်းမြို့မ ရဲစခန်းက ဖမ်းဆီးခဲ့ကာ အင်းစိန်ထောင်ကို ပို့ခဲ့တာပါ။

သူတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးက တရားလိုလုပ် တိုင်ကြားခဲ့တာကြောင့်  ဗဟန်းမြို့မရဲစခန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တရားစွဲဆိုထားတဲ့ ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ -၂၄ အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013