DVB Logo
Home
မြန်မာသတင်း
Myanmar Forjs Apparel စက်ရုံ ရုတ်တရက်ပိတ်၊ နစ်နာကြေးပေးရန် အလုပ်သမားများ တောင်းဆို
DVB
·
November 26, 2022
Myanmar Forjs Apparel စက်ရုံ ရုတ်တရက်ပိတ်၊ နစ်နာကြေးပေးရန် အလုပ်သမားများ တောင်းဆို
Donate to DVB

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မူဇုန်ရှိ  Myanmar Forjs Apparel  အထည်ချုပ်စက်ရုံ ရုတ်တရက်ပိတ်လိုက်တာကြောင့် နစ်နာကြေးရရေးအတွက် အလုပ်သမားတချို့ အိမ်မပြန်ဘဲ စောင့်ဆိုင်း တောင်းဆိုနေကြတယ်။

အဲဒီစက်ရုံဟာ အထည်အော်ဒါမရှိတော့လို့ဆိုပြီး မနေ့က ပိတ်မယ့်အကြောင်း အသိပေး လာတာလို့ အလုပ်သမားတဦးက ပြောပါတယ်။

"ဆင်းခဲ့တဲ့ရက်အတွက် လုပ်ပေးမယ်၊ စက်ရုံပိတ်ပြီ ပြောတယ်။ အလုပ်သမားတွေက ဒါဆို နို့တစ်ကြေးပေးလို့ပြောတော့ မပေးနိုင်ဘူးလို့ပြောတယ်။ အဲဒါကိုမကျေနပ်တဲ့ အလုပ်သမား ၂၇ ယောက်က မနေ့ညက အိမ်မပြန်ဘဲ စက်ရုံမှာ အိပ်စောင့်တယ်။ စက်တွေတော့ မသယ်သွားသေးဘူး။ နစ်နာကြေးရှင်းမပေးဘဲ စက်တွေသယ်သွားမှာစိုးလို့ စောင့်နေတာ။"

Myanmar Forjs Apparel  အထည်ချုပ်စက်ရုံဟာ ဖွင့်ထားတာ ငါးလ လောက်သာရှိသေးပြီး လုပ်သား ၁၀၀ လောက်နဲ့လည်ပတ်နေကာ လုပ်သက် သုံးလအောက် အလုပ်သမားတွေက စက်ရုံကပေးတဲ့ လစာယူပြီး ပြန်သွားကြတယ်လို့ သိရပါတယ်။

လက်ရှိ စောင့်ဆိုင်းနေသူတွေက လုပ်သက် ၃ လကနေ ၅ လကြားရှိတဲ့သူတွေဖြစ်ပြီး နို့တစ်ကြေးပေးဖို့ ဆက်ပြီးညှိနိူင်းနေပေမယ့် အဆင်မပြေသေးဘူးလို့ အလုပ်သမားက ပြောပါတယ်။

"နို့တစ်ကြေးကို တလစာမဟုတ်တောင် ၁၅ ရက် စာပေးပါလို့ပြောတာလည်း လက်မခံဘူး။ ကျမတို့ကလည်း ကိုယ့်ရပိုင်ခွင့်မရမချင်း စောင့်နေမှာ။"

ရွှေပြည်သာမြို့နယ်မှာ ဒီလပိုင်းအတွင်း မိဘမေတ္တာအထည်ချုပ်စက်ရုံနဲ့ Yi Cai အထည်ချုပ်စက်ရုံတို့ အလားတူပိတ်သွားခဲ့ပြီး အခုတတိယမြောက်ပိတ်တဲ့ စက်ရုံဖြစ်လာပါတယ်။

အရင်ပိတ်သိမ်းတဲ့ စက်ရုံတွေမှာလည်း အလုပ်သမားတွေရသင့်တဲ့ နစ်နာကြေးမရရှိခဲ့ဘူးလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013