DVB Logo
Home
မြန်မာသတင်း
ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးမီးလောင်
DVB
·
November 24, 2022
ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးမီးလောင်
Donate to DVB

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ သီးဘွာလ်စစ်စခန်းမှာ နိုဝင်ဘာ ၂၃ ရက်နေ့က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က သီးဘွာလ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့တိုက်ပွဲ ၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာလည်း ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ အမျိုးအမည်မသိ မီးလောင်ဗုံး လက်နက်ကြီးကြောင့် သီးဘွာလ်ကျေးရွာက နေအိမ် ၃ လုံး မီးလောင်ကျွမ်းသွားကာ အဲ့ဒီဗုံးအမျိုးစားနဲ့ပတ်သက်ပြီး စုံစမ်းနေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်နဲ့ ည ၈ နာရီလောက်ကလည်း သီးဘွာလ်စစ်စခန်းမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုအခြေနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်စစ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CNDF ဦးဆောင်တဲ့ ‌ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာ ဒီနေ့နဲ့ဆို ၁၁ ရက်မြောက်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာနဲ့ စစ်ကူပို့တာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013