DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်နှင့် NUG တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး
DVB
·
November 22, 2022
ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်နှင့် NUG တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး
1 / 2
Donate to DVB

ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့  တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ရော ကိုရီးယားရောက်မြန်မာအသိုက်အဝန်းနဲ့ပါ တွေ့ဆုံခဲ့ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၂၁ ရက်မှာ သတင်းထုတ်ပါတယ်။ 

ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ကိုရီးယားရောက်မြန်မာတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အချက်အလက် စုဆောင်းဖို့  တောင်ကိုရီးယားနိုင်ငံကို ၅ ရက်ကြာ ခရီးလာရောက်ခဲ့တာဖြစ်ပါတယ်။‌

တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ် ဆောင်ရွက်သွားဖို့ တွမ်အန်ဒရူးစ်က သူ့ရဲ့ခရီးစဉ်အပြီး သတင်းစာရှင်လင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။ 

Photo-NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013