DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၊ သံတွဲတွင် ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကျင်းပ
DVB
·
November 21, 2022
ရခိုင်ပြည်နယ်၊ သံတွဲတွင် ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကျင်းပ
1 / 12
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားလို့ ရခိုင်ပြည်သူထောင်သောင်းချီ စစ်ဘေးဒုက္ခခံစားနေရချိန် သံတွဲမြို့နယ်မှာတော့ ငပလီကမ်းခြေဆောင်းဦးပွဲတော်ဖွင့်ပွဲကို  နိုဝင်ဘာ ၂၁ ရက် ဒီနေ့ မနက်  ကျင်းပခဲ့တယ်လို့  ပလီဒေသခံတွေထံက သိရပါတယ်။

ပွဲတော်ကျင်းပရေးတာဝန်ရှိသူတစ်ဦးက  "ဒီနှစ်မှာတော နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုတွေရှိနေတဲ့အတွက် ၁ ရက်ပဲပြုလုပ်ကြတာ။ အရင်နှစ်တွေကဆို ၅ ရက်အထိ ပြုလုပ်ကျင်းပကြတယ်။ အဓိက ကျင်းပရတဲ့ရည်ရွယ်ချက်က ငပလီကို ပြည်တွင်းနဲ့ ပြည်ပက ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်ချင်လာအောင်ရည်ရွယ်ပြီး ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ဖွင့်ပွဲကို နှစ်စဥ်ကျင်းပလာရတာ"လို့ ပြောပါတယ်။

အခုလို ဆောင်းဦးပွဲတော်ကျင်းပရတာဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွား ပြည်သူတွေကို ပိုမိုဆွဲဆောင်ဖို့နဲ့  ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားအဆင်ပြေစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ငပလီဒေသခံတစ်ဦးက "ငပလီဒေသခံအများစုက ခရီးသွားတွေများများလားရောက်လည်ပတ်ရင် များများဝင်ငွေရကြပါတယ်။ အဲ့ဒါကြောင့် ဆောင်းရာသီမှာ ခရီသွားတွေများများ လာကြဖို့မျော်လင့်နေကြတာပါ။"လို့  ဆိုပါတယ်။

ပွဲတော်ဖွင့်ပွဲကို မနက် ၆ နာရီက စတင်ကျင်းပရာမှာ  စက်ဘီးစီးအဖွဲ့က   ငပလီမြို့ မဇင်ရပ်ကွက်ကနေ သံတွဲမြို့အထိ စက်ဘီးအလှစီးကာ ကွင်းဖွင့်ခဲ့ပြီးနောက် ငပလီမြို့ရှိ ပါရာဒိုင်းစ် ဟိုတယ်မှာ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့​ကြတာပါ။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်က ငပလီကမ်းခြေဆောင်းဦးပွဲတော်ကို ၅  ရက်တိုင်တိုင် ကျင်းပခဲ့ပေမဲ့ အခုနှစ်မှာ နိုဝင်ဘာ ၂၁ ရက် တစ်ရက်တည်းသာ ကျင်းပတာဖြစ်ပြီး အဆိုပါပွဲမှာ သဲပန်းပုအလှပြတာ၊ စက်ဘီးအလှစီးတာ၊ ကပြဖြေဖျော်တာ၊ ချောတိုင်တက်၊ လွန်ဆွဲ၊ ဘောလီဘောပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲတို့ကို ထည့်သွင်း ကျင်းပကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013