DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ဖုန်းဆင်းမ်ကတ် ပြန်လည်မှတ်ပုံတင်ရန် သုံးစွဲသူများထံ ATOM အကြောင်းကြား
DVB
·
November 14, 2022
မြန်မာပြည်တွင်း ဖုန်းဆင်းမ်ကတ် ပြန်လည်မှတ်ပုံတင်ရန် သုံးစွဲသူများထံ ATOM  အကြောင်းကြား
Donate to DVB

တယ်လီနောအမည်ပြောင်း ATOM ကုမ္ပဏီက ဖုန်းဆင်းမ် ကတ်သုံးသူတွေကို ပြန်လည်မှတ်ပုံတင်ဖို့  အခု ရက်ပိုင်းမှာ စာပို့ အကြောင်းကြားနေပါတယ်။

ATOM ဆင်းမ်ကတ်အသုံးပြု‌နေသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက် မမှန်ကန်ပါက ပိတ်သိမ်းမယ်လို့ ATOM အော်ပရေတာက ရေးသားပေးပို့လာပါတယ်။

ATOM (ယခင်တယ်လီနော)နဲ့ MPT ဆင်းကတ်သုံးစွဲနေသူ တဦးက "အရင်ကလည်း ဆင်းကတ်မှတ်ပုံ မတင်ထားရင် လိုင်းပိတ်မယ်။ ၂၀၂၀ ခုနှစ် ဧပြီလ နောက်ဆုံးဆိုလို့ မှတ်ပုံတင်ပြီး သုံးနေတာ အခုလည်း ATOM  အော်ပရေတာက မှတ်ပုံ တင်ခိုင်းပြန်ပြီ "လို့ ပြောပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ ATOM ဆင်းကတ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နောက်ဆုံးထားပြီး အမည်ပေါက် ပြောင်းလဲပြင်ဆင်တာနဲ့ မှတ်ပုံတင်ကြဖို့ Atom အသိပေးစာပေးပို့နေတယ်လို့ Atom ဆင်းကတ်သုံးစွဲနေသူတွေထံကသိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကလည်း ဆင်းမ်ကတ်တွေ ပြန်လည်မှတ်ပုံတင်ဖို့ သတိပေးကြေညာချက်တွေ နိုင်ငံပိုင် သတင်းစာကနေ ကြေညာပြီးနောက်မှာ အခုလို တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေလည်း သုံးစွဲသူတွေထံ တိုက်ရိုက် စာပို့ အကြောင်းကြားလာတာပါ။

နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုက  သူ့ရဲ့ တယ်လီနော-မြန်မာ ရှယ်ယာတွေကို  လက်ဘနွန်အခြေစိုက် M1 Group ကဝယ်ယူခဲ့ပြီး စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုထံ လွှဲပြောင်းရောင်းချခဲ့တာပါ။

ဒီလိုရောင်းချခဲ့ရာမှာ တရားဝင် ကြားဖြတ်ဖမ်းယူနိုင်တဲ့ နည်းပညာပါ ပါရှိတဲ့အတွက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားမယ့်အန္တရာယ်ရှိနိုင်ပြီး မြန်မာစစ်တပ်ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါတွေဖြစ်စေနိုင်တယ်လို့ Justice for Myanmar က ထောက်ပြ ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013