DVB Logo
Home
မြန်မာသတင်း
နိုက်ကလပ်များပိတ်ထားရန် ‌ပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ် သတိပေး
DVB
·
November 2, 2022
နိုက်ကလပ်များပိတ်ထားရန် ‌ပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ် သတိပေး
Donate to DVB

မန္တလေးမြို့မှာ စစ်ကောင်စီအလိုကျ ပါတီပွဲတွေကျင်းပနေတဲ့ နိုက်ကလပ်တွေကို တန်ဆောင်မုန်းလပြည့်နေ့အထိ ပိတ်ထားပေးဖို့ Anonymous Force MDY ပြောက်ကျားအဖွဲ့နဲ့ မဟာမိတ် အဖွဲ့တွေက နိုဝင်ဘာ ၁ ရက်မှာစာထုတ် သတိပေးထားတယ်။

စစ်ကောင်စီအလိုကျ တိုင်းပြည်အေးချမ်းနေတဲ့ပုံစံ ဖန်တီးကာ ပါတီပွဲတွေ ကျင်းပနေတဲ့ မန္တလေးရှိ  Zeus၊ Pioneer၊ Bar in Bar စတဲ့ နိုက်ကလပ်တွေကို နောက်ဆုံးအကြိမ် သတိပေးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ထက်အောင်က “မသိရင် လွတ်လပ်ရေး ရနေသလိုပါပဲ။ အဓိကသွားကြတာတော့ တရုတ်ကပြားတွေ အပါအဝင် အပျော်အပါးမက်တဲ့ လူငယ်တွေ၊ လူကြီးတွေပါ။ တော်လှန်ရေး လုပ်နေလူတွေ အကုန်အားငယ်ရတာပေါ့။ မသိရင် ကျနော်တို့ကပဲ အစွန်းရောက်ပြီး တိုက်ခိုက်နေသလို ခံစားရတယ်။ မြို့ကြီးတွေမှာ အခြေအနေဆိုးပေမဲ့ အပျော်မက်တဲ့ လူတစုကြောင့် စကစရဲ့ ဝါဒဖြန့်စရာ ပုံရိပ်တခုဖြစ်မှာကို တော်လှန်ရေးရဲဘော်အများစုက စိုးရိမ်နေကြတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးမြို့ထဲက ဘားတွေ ကလပ်တွေမှာ လူတွေ အရမ်းစည်ကားနေပြီး စစ်ကောင်စီနဲ့ ပတ်သက်တဲ့ မူးယစ်ဆေးရောင်းသူတချို့လည်း သွားရောက်ကြတယ်လို့ သိရပါတယ်။

နိုက်ကလပ်တွေအနေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေရဲ့ သတိပေးစာကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက နောင်တရလိမ့်မယ်လို့ Anonymous Force MDY က ပြောပါတယ်။   

အလားတူ ရန်ကုန်မြို့မှာလည်း ဘားတွေ၊ ကလပ်တွေမှာ လူတွေ အရမ်းစည်ကားနေပြီး ပုံမှန်သွားလာ ပျော်ပါးနေကြတာ မြင်တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013