DVB Logo
Home
မြန်မာသတင်း
ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် စစ်တပ်က ရိုဟင်ဂျာ ၁၀၀ ကျော်ကိုဖမ်းဆီး
DVB
·
October 21, 2022
ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် စစ်တပ်က ရိုဟင်ဂျာ ၁၀၀ ကျော်ကိုဖမ်းဆီး
Donate to DVB

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ဧရာဝတီလမ်းရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အောက်တိုဘာ ၂၀ ရက် ညပိုင်းက ဝင်ရောက်စစ်ဆေးပြီး ရိုဟင်ဂျာ ၁၀၀ ကျော်ကို ကား ၂ စီးနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“၁၀ ရပ်ကွက်မှာ ညကမိတာ လူ ၁၀၀ ကျော်တယ်။ ယာဥ်မောင်းတွေရော ဖမ်းသွားတယ်။ ကားနှစ်စီးလည်း စခန်းကသိမ်းသွားတယ်။”

အထောက်အထားမဲ့တွေ ရောက်ရှိနေထိုင်တယ်ဆိုတဲ့ သတင်းအရ စစ်တပ်အပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ဝင်ရောက်စစ်ဆေးခဲ့ရာက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“၁၂၁ ယောက်မိတယ်၊ ကားလည်းသိမ်းတယ်၊ အိမ်ရှင်လည်း အဖမ်းခံရတယ်ကြားတယ်။ အကုန်လုံး စစ်တပ်က ကားနဲ့တင်သွားတာ။”

ဖမ်းဆီးရခံရသူတွေမှာ အိမ်ရှင်အပါအဝင် ၄ ယောက်၊ ရိုဟင်ဂျာအမျိုးသား ၇၈ ယောက်နဲ့ အမျိုးသမီး ၃၉ ယောက်ဖြစ်ပြီး ရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ရဲစခန်းမှာ စစ်မယ်၊ ပြီးရင် လဝကဥပဒေနဲ့ အမှုဖွင့်မယ်၊ တရားရုံးမှာ တရားစွဲမယ်၊ အခုကတော့ ဘာမှမသိရသေးဘူး စစ်နေတုန်း။”

ပြီးခဲ့တဲ့လတွေက တွံတေး၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ အစရှိတဲ့ မြို့နယ်တွေမှာ ရန်ကုန်ကိုဝင်ရောက်လာတဲ့ ရိုဟင်ဂျာဦးရေ ၃၀၀ နီးပါးလောက် ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013