DVB Logo
Home
မြန်မာသတင်း
ရှားတော ဗျူဟာကုန်းအတွက် ရိက္ခာပို့ ရဟတ်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
October 21, 2022
ရှားတော ဗျူဟာကုန်းအတွက် ရိက္ခာပို့ ရဟတ်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့နယ်ရှိ ရှားတောမြို့ထိုင် စစ်ကောင်စီရဲ့ ဗျူဟာကုန်းနဲ့ ခလရ ၄၂၈ တပ်ရင်းအတွက် ရိက္ခာနဲ့ လက်နက်ပို့ဆောင်တဲ့ ရဟတ်ယာဉ်ကို အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက ရှားတောမြို့ထိုင် ဗျူဟာကုန်းနဲ့ ခလရ ၄၂၈ တပ်ရင်းအတွက် ရိက္ခာနဲ့ လက်နက် ပို့ဆောင်တဲ့ ရဟတ်ယာဉ်ကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B17) တို့ပူးပေါင်းပြီး အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ‌ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ KA က ထုတ်ပြန်ပါတယ်။

ဒီလိုသွားရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးတယောက်နဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလိုပစ်ခတ်ခံရပြီးနောက် စစ်ဗျူဟာမှူးက မြို့ပေါ် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူတွေ့ဆုံပြီး ဒီလို အလားတူပစ်ခတ်မှု ထပ်မံဖြစ်ပွားပါက ရှားတောတမြို့လုံး ပြာကျသွားမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်းလည်း ဆိုပါတယ်။

လွိုင်ကော်ကနေ ရှားတောမြို့ကို ကူးလူးသွားလာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ကရင်နီ ပူးပေါင်းတပ်တွေက လမ်းကြောင်းပိတ်ဆို့ပြီး တပ်စခန်းတွေကို မကြာခဏ တိုက်ခိုက်သလို ရိက္ခာလမ်းကြောင်းတွေကို ဖျက်ဆီးတဲ့အတွက် စစ်ကောင်စီဘက်က ရဟတ်ယာဉ်အသုံးပြုကာ ရိက္ခာပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013