DVB Logo
Home
မြန်မာသတင်း
မောင်တော သရိကုန်ဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများအား ဖိနှိပ်ခြိမ်းခြောက်နေ
DVB
·
October 20, 2022
မောင်တော သရိကုန်ဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများအား ဖိနှိပ်ခြိမ်းခြောက်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော် ကားလမ်းပေါ်ရှိ သရိကုန်ဘောင်ကျေးရွာ ဒေသခံ ရွာသူရွာသားတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူး ညီညီအောင်ရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်ခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ကိုပြောတယ်၊ အေအေတပ်ဖွဲ့ဝင်တွေကို နေအိမ်တွေမှာ အတည်းမခံဖို့။ သူတို့နဲ့ မဆက်သွယ်ဖို့ ပြောတယ်။ ငါပြောတာကို မလိုက်နာရင် နယ်ခြားစောင့်တွေကို ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်နေတယ်။ မောင်တောကို စျေးသွားခွင့်ကိုလည်း သူနဲ့ရင်းနှီးတဲ့သူဆိုရင် သွားခွင့်ပြုတယ်။ သူမနှစ်သက်တဲ့သူဆိုရင် နယ်ခြားစောင့်စခန်းမှာ လျှောက်လွှာတင်ခိုင်းတယ်။”

မောင်တောမြို့ကို စျေးသွားရောက်ဝယ်ယူခွင့် လျှောက်လွှာတစောင်ကို ငွေ ၁၀၀ နဲ့ ဝယ်ယူကြရပြီး ခွင့်ပြုချက်ရရှိဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး ညီညီအောင်အပေါ် မူတည်နေပြီး မရှိဆင်းရဲသူတွေ ခွဲခြားဆက်ဆံခံနေကြရတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ကျေးရွာဒေသခံတွေက ဆိုပါတယ်။

“အုပ်ချုပ်ရေးမှူးနဲ့ အဆင်ပြေတဲ့သူတွေဆိုရင် မောင်တောစျေးကို နေ့တိုင်း စျေးသွားဝယ်လို့ရတယ်။ သူနဲ့အဆင်မပြေရင် သွားလို့မရဘူး။ ရွာက နယ်ခြားစောင့်စခန်းမှူးဆီကို စျေးဝယ်ခွင့်လျှောက်လွှာတင်ခိုင်းတယ်။ လျှောက်လွှာတစောင်ကို ၁၀၀ နဲ့ဝယ်ရတယ်။ ခွင့်ပြုချက်က အုပ်ချုပ်ရေးမှူး သဘောတူရင် ချက်ချင်းရတယ်။ သူသဘောမတူရင် ၁၀ လောက်ကြာရင်တောင် ခွင့်ပြုချက်မရဘူး။”

ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်က ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ မောင်တော-အငူမော်ကားလမ်း နေရာ ၂ ခုမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာကြောင့် အဲဒီလမ်းကို အကန့်အသတ်မရှိ ပိတ်ထားတာ ၃ ကျော် ရှိနေပါပြီ။

လမ်းပိတ်ထားတာကြောင့် မောင်တော-အငူမော်ကားလမ်းတလျှောက်ရှိ ကျေးရွာတွေက မောင်တောမြို့ကိုတက်ပြီး စျေးသွားဝယ်ခွင့်ရဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီ ကိုယ်ရေးအချက်အလက်တွေဖြည့်ပြီး လျှောက်လွှာတင်ပြရကာ ခွင့်ပြုချက်ရမှသာ မောင်တောကို စျေးသွားဝယ်ကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013