DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် နိုင်ငံကူးလက်မှတ်လုပ်သူများလာ၊ အချိန်ကြန့်ကြာမှုကြောင့် အခက်ကြုံ
DVB
·
October 19, 2022
နေပြည်တော်တွင် နိုင်ငံကူးလက်မှတ်လုပ်သူများလာ၊ အချိန်ကြန့်ကြာမှုကြောင့် အခက်ကြုံ
Donate to DVB

နေပြည်တော်မှာ ပြည်ပထွက်အလုပ်လုပ်ဖို့အတွက် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ပြုလုပ်ရာမှာ ကြန့်ကြာမှုတွေ၊ အဆင်မပြေမှုတွေ အရင်ကထက်များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း မြန်မာနိုင်ငံကနေ ပြည်ပထွက်အလုပ်လုပ်သူဦးရေ မြင့်တက်လာခဲ့ပြီး နေပြည်တော်ဒေသအတွင်းက လူငယ်လူရွယ်တွေလည်း အပါအဝင်ဖြစ်ပါတယ်။

ပုဗ္ဗသီရိမြို့နယ်နေ အမျိုးသမီးတဦးက "အဓိကကတော့ ပြည်တွင်းအလုပ်အကိုင်ရှားပါးတာရယ်၊ လခနည်းတာရယ်ပေါ့။ ဒီမှာက ဝင်ဝင်ချင်းဆို အလွန်ဆုံးရမှ ၂ သိန်းလောက်ရတာ။ ဒီကုန်ဈေးနှုန်းနဲ့ ဘယ်လိုသွားသုံးမလဲ။ ဒီတော့ အကုန် မလေးတို့၊ ထိုင်းတို့ သွားကြတာပေါ့။ အိမ်က သား ၂ ယောက်လုံးလည်း မလေးမှာပဲလေ" လို့ ပြောပါတယ်။

ပြည်ပထွက် အလုပ်လုပ်လိုသူများပြာလာတဲ့အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်သူ အရေအတွက် သိသိသာသာများပြားလာတယ်လို့ ဆိုပါတယ်။ 

ပတ်စ်ပို့ကို ကိုယ်တိုင်ပြုလုပ်ပါက ၆ သောင်းခွဲ ၇ သောင်းဝန်းကျင်သာကုန်ကျမှာဖြစ်ပေမယ့် ပွဲစားနဲ့ အမြန်ပြုလုပ်သူများပြားလာတဲ့အတွက် ပြင်ပပေါက်ဈေး ၂ သိန်းဝန်းကျင်ခန့် ဖြစ်နေတယ်လို့ ပတ်စ်ပို့ပြုလုပ်လိုသူ ပျဉ်းမနားမြို့နယ်နေ လူငယ်တဦးက ပြောပါတယ်။

"ကျနော်အရင်က ကိုယ်တိုင်လုပ်မယ်ဆိုပြီး လုပ်ထားတာ။ အဲ့တာ ၂ လလောက်ခွာပြီးချိန်းတယ်။ လူတွေ အရမ်းများနေလို့တဲ့။ အဲ့တာ အခု သူတို့ပြောတဲ့ရက်ရောက်လို့ လာတော့လည်း နာမည်စာရင်း မပါဘူးပြောတယ်။ အခုပွဲစားနဲ့ လုပ်မယ်ဆိုတော့လည်း ၂ သိန်းလောက်ကုန်မယ်။ အချိန်အတိအကျတော့ ပြောမရဘူး။ အတတ်နိုင်ဆုံး အမြန်ရအောင်လုပ်ပေးမယ်လို့တော့ ပြောတာပဲ။”

မြန်မာနိုင်ငံကနေ ပြည်ပထွက်အလုပ်လုပ်လိုသူ အများစုဟာ ဒေသတွင်း ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေကို သွားရောက်ကြတာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ဒေါ်လာဈေးအခြေအနေပေါ်မူတည်တယ်လို့လည်း ဆိုပါတယ်။ 

ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်မယ့်သူတွေအနေနဲ့ အလုပ်ပေါ်မူတည်ပြီး ကျပ်ငွေ ၁၇ သိန်းလောက်ကနေ ၂၄ သိန်းဝန်းကျင် ကုန်ကျနိုင်ပြီး မလေးရှားကို သွားရောက်လိုသူတွေကတော့ အနည်းဆုံး ၃၅ သိန်းလောက်ကနေ ၄၅ သိန်းဝန်းကျင်လောက် ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013