DVB Logo
Home
မြန်မာသတင်း
ပလက်ဝ CDM ပညာရေးဝန်ထမ်းများကို ပြန်စိစစ်မည်ဟု မြို့နယ်ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်
DVB
·
October 19, 2022
ပလက်ဝ CDM ပညာရေးဝန်ထမ်းများကို ပြန်စိစစ်မည်ဟု မြို့နယ်ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်
1 / 4
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေကို အမှန်တကယ် CDM လုပ်၊ မလုပ် ပြန်လည်စိစစ်သွားမယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ (Paletwa Township Education Board) က အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

CDM ဆရာ၊ ဆရာမတွေအနေနဲ့ အရင်က CDM စာရင်းမှာ နာမည်ပေးသွင်းထားပေမဲ့ နောက်ပိုင်းမှာ Non CDM ပြန်လည်ပြုလုပ်လာသူတချို့ ရှိနေတာကြောင့် အခုလို ပြန်လည်စိစစ်ရတာလို့ သိရပါတယ်။

ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တဦးက “တော်လှန်ရေး ကနဦးကာလက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ပြီး CDM စာရင်းပေးသွင်းသူတွေ များပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်၊ ခံယူချက် မခိုင်မာဘူးလို့ ပြောရမလားတော့မသိဘူး၊ တချို့က Non CDM ပြန်လုပ်သွားတာရှိတယ်။ CDM ပြုလုပ်ထားတဲ့ ဆရာ၊ ဆရာမတချို့နဲ့လည်း အဆက်သွယ်မရတာတွေလည်း ရှိတယ်။ အဲဒီတော့ အရင်က စာရင်းအတိုင်းတွက်လို့ မဖြစ်ဘူး။ အဲဒါကြောင့် ပြန်ပြီးစိစစ်ဖို့ ဆောင်ရွက်ရတာပါ” လို့ ပြောပါတယ်။

အမှန်တကယ် CDM ပြုလုပ်တဲ့ မြို့နယ်ခြား၊ တိုင်းခြား၊ မြို့နယ်အတွင်း၊ ပြည်နယ်အတွင်းမှ ပညာရေးဝန်ထမ်းတွေအနေနဲ့ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် မြို့နယ်ပညာရေးဘုတ်အဖွဲ့အနေနဲ့ အဆက်သွယ်မပြုလုပ်တော့တဲ့ ဆရာ၊ ဆရာမတွေကို CDM စာရင်းမှ ပြန်လည်ဖယ်ထုတ်ပြီး Non CDM အဖြစ် သတ်မှတ်သွားမယ်လို့ သတိပေးဖော်ပြထားပါတယ်။ 

ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ ကြားကာလ ပြည်သူ့အခြေပြုကျောင်းပညာရေးစနစ်ကို အကောင်ထည်ဖော် ဆောင်ရွက်နေတာရှိပြီး မြို့နယ်အတွင်း ကျေးရွာပေါင်း ၆၀ ကျော်နဲ့ လွတ်မြောက်နယ်မြေရှိ စစ်ရှောင်စခန်း ၁၀ ခုတို့မှာ မူလတန်း၊ အလယ်တန်း ကျောင်းသူကျောင်းသား ၅၀၀၀ ကျော်ကို ဆရာ၊ ဆရာမ ၁၆၀ နဲ့ ကိုယ်ထူကိုယ်ထ ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013