DVB Logo
Home
Lead Story
စလိုဗက်ကီးယားတွင် LGBTQ အရေး လူထောင်ချီဆန္ဒပြ
DVB
·
October 16, 2022
စလိုဗက်ကီးယားတွင်   LGBTQ  အရေး လူထောင်ချီဆန္ဒပြ
Donate to DVB

စလိုဗက်ကီးယားမြို့တော် ဘရက်တစ်စ်လာဗာရဲ့ မြို့လည်ခေါင်မှာ အောက်တိုဘာ ၁၄ ရက်က ထောင်နဲ့ချီတဲ့ လူတွေ စုဝေးခဲ့ကြပြီး နာမည်ကြီး ဂေးဘားတစ်ခုရဲ့ အပြင်ဘက်မှာ လူနှစ်ယောက် အသတ်ခံရပြီးနောက်ပိုင်း LGBTQ အသိုင်းအဝိုင်းနဲ့ တစည်းတလုံးတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။ 

လိင်တူချစ်သူများ အခွင့်အရေးအတွက် လှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ သက်တံရောင်အလံတွေ ကိုင်ဆောင်လာသူသူတွေအပါအဝင် ဆန္ဒပြသူတွေဟာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ တေပလာရံန် ဘားရဲ့အပြင်ဘက်မှာ စုရုံးခဲ့ကြပြီးတော့ စလိုဗက်သမ္မတ ဇူဇာနာ ကာပူတိုဗာ လူထုကိုမိန့်ခွန်းပြောတဲ့ စလိုဗက် အမျိုးသားအုံကြွမှု ရင်ပြင်ကို ချီတက်ခဲ့ကြပါတယ်။ 

အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက မြို့လယ်ရှိ Teplaren ဘားအနီးမှာ သေနတ်သမား တယောက်ဟာ လူ နှစ်ယောက်ကို ပစ်သတ်ခဲ့ပြီး တခြား တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်သူလို့ သံသယရှိသူဟာ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက သူ့ဖာသာ သူ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

သံသယရှိ လူသတ်သမားဟာ ဆွေမျိုးတစ်ဦး မှတ်ပုံတင်ထားတဲ့ လေဆာကိရိယာ ပါရှိတဲ့ သေနတ်ကို အသုံးပြုခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ဂျူရာဂျ်ကေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

ဒီသတ်ဖြတ်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် သဘောထားကြောင်း အောက်တိုဘာ ၁၄ ရက်မှာ ထိပ်တန်းအစိုးရရှေ့နေတစ်ဦးက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013