DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ဆေးကုသခွင့်မရသဖြင့် သေဆုံး
DVB
·
October 14, 2022
လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ဆေးကုသခွင့်မရသဖြင့် သေဆုံး
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ နဲ့ ဖမ်းဆီးထောင်ချခံရတဲ့ အသက် ၂၁ နှစ်အရွယ် မောင်ငယ်ဟာ လုံလောက်တဲ့ ကျန်းမာရေး ဆေးကုသခွင့် မရတဲ့အတွက် ထောင်တွင်းမှာ သေဆုံးသွားပါတယ်။

မနေ့ အောက်တိုဘာ ၁၃ ရက်က သေဆုံးခဲ့တာဖြစ်ပေမဲ့ ဒီနေ့အထိ အလောင်းပြန်မရသေးဘူးလို့ တိုးတက်သော ကရင်နီပြည်သူအင်အားစု (PKPF) ပြောခွင့်ရသူက ပြောပါတယ်။

“သူက ပြီးခဲ့တဲ့နှစ်ကတည်းက အဖမ်းခံရတယ်ပြောတယ်။ PDF တပ်ဖွဲ့ ဖွဲ့တဲ့ထဲမှာ သူပါပြီးတော့ လွိုင်ကော်စစ်ဆေးရေးဂိတ် တနေရာမှာ ဖုန်းထဲမှာ စစ်ဆေးလိုက်တော့ PDF ပုံတွေတွေ့တော့ စစ်သားက သူ့ကိုဖမ်းပြီး ပုဒ်မ ၅၂ နဲ့ တရားကောက်စွဲလိုက်တယ် ပြောတယ်။ နောက်ပြီး ထောင် ၅ နှစ်ကျခံရတယ် ပြောတယ်။ ထောင် ၅ နှစ်ကျပြီးတော့ ပြီးခဲ့တဲ့ မနေ့ညကပဲ ရောဂါတခုနဲ့ ထောင်ထဲမှာ ဆုံးသွားတာပေါ့နော်။”

မောင်ငယ်ဟာ အရင်ကတည်းက အဆုတ်ရောဂါအခံရှိသူဖြစ်ပြီး အကျဉ်းထောင်ထဲမှာ လုံလောက်တဲ့ ဆေးကုသမှု မရရှိတဲ့အတွက် သေဆုံးရတာဖြစ်တယ်လို့ သူ့မိသားစုဝင်တွေက ပြောတယ်လို့ ဆိုပါတယ်။

“သူ့အစ်ကိုဝမ်းကွဲတို့ ဦးလေးတို့ ပြောတဲ့ ပုံစံအရ သူ အရင်ကတည်းက အဆုတ်တီဘီလားမသိ ရောဂါအခံတော့ ရှိတယ်။ ဒါပေမဲ့ သိထားသလောက် ထောင်ထဲကလည်း ဒီကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးဝါးကုသမှုတွေ လုံလုံလောက်လောက် သေသေချာချာ မလုပ်ခဲ့တော့ ဆုံးသွားတဲ့ အခြေအနေထိ ဖြစ်သွားတယ်ဆိုတဲ့ဟာမျိုး ဖြစ်သွားတယ်လို့ ကျနော်တို့က သိရတယ်။ သူ့ရဲ့အသုဘမှာ ကျနော် သွားပြီး သိသလောက်ပေါ့။”

မောင်ငယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း လွိုင်ကော်မြို့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံရပြီး PDF နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီ(ကယား)ပြည်နယ်မှာ  စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအပြင် PDF နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက် ရဲအချုပ်၊ စစ်ကြောရေး၊ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရပြီး သေဆုံးသူ ၇ ယောက်အထိ ရှိလာပြီလို့ PKPF က ထုတ်ပြန်ထားပါတယ်။တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၉ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မအသီးသီးနဲ့ ဖမ်းဆီးခံရပြီး အမိန့်ချခံရသူ အယောက် ၁၄၀ ရှိပြီး တရားရင်ဆိုင်ဆဲ ၁၀၇ ယောက်ရှိကာ အဲဒီထဲမှာ အမျိုးသမီး ၂၈ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013