DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့ရှိ ဘီယာဆိုင်များကို စစ်တပ်ထုတ်ကုန် မြန်မာဘီယာ မရောင်းရန် သတိပေး
DVB
·
October 11, 2022
ပုသိမ်မြို့ရှိ ဘီယာဆိုင်များကို  စစ်တပ်ထုတ်ကုန် မြန်မာဘီယာ မရောင်းရန် သတိပေး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ရောင်းတဲ့ ဘီယာဆိုင် ၁၀ ဆိုင်ကို အစားထိုးကုန်တွေတလအတွင်း ပြောင်းလဲ ရောင်းချဖို့ Pathein Special Task Force (PSTF)    အောက်တိုဘာ ၁၀ ရက်မှာ  သတိပေးထုတ်ပြန်လိုက်ပါတယ်။

ပုသိမ်မှာ မြန်မာဘီယာရောင်းတဲ့ ဆိုင်ပေါင်း  ၃၁ ဆိုင်ရှိပြီး ၁၀ ဆိုင်ကို မြန်မာဘီယာ မရောင်းဖို့ သတိပေးစာ ထုတ်ပြန်လိုက်တာပါ။

သတ်မှတ်ကာလ တလအတွင်း စစ်တပ်ထုတ်ကုန်တွေကို အစားထိုး တခြားကုန်ပစ္စည်းနဲ့ ပြောင်းလဲ ရောင်းချဖို့၊ မလိုက်နာရင် အမည်ပျက်စာရင်းသွင်းပြီး ထိရောက်စွာ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ  သတိပေးထားပါတယ်။

Pathein Special Task Force တာဝန်ရှိသူက "အဓိက ဆိုင်တွေကို အကြောင်းကြားစာပို့မယ် သူတို့ မလိုက်နာရင် တဆင့်တက်ပြီး လုပ်စရာ ရှိတာကို လုပ်သွားမယ်"လို့ ဆိုပါတယ်။

အခက်အခဲကြောင့်နဲ့ စားဝတ်နေရေးကြောင့် ရောင်းချနေရတာ တွေရှိသလို မလွန်ဆန်နိုင်လို့ ရောင်းချရတာတွေ ရှိတဲ့အတွက် ချွင်းချက်ထားပြီး အချိန် တလဆိုတာ သတ်မှတ်ပေးတာလို့ လည်း PSTF တာဝန်ရှိသူက ပြောပါတယ်။

တိုင်းပြည် ပျက်စီးနေချိန်  ပြည်သူတွေအနေနဲ့  မနေနိုင်လို့ဘဲ သောက်သောက်၊ ငွေပေါလို့ပဲ သောက်သောက်၊   ဆိုင်ထိုင် သောက်သုံးတာတွေ မလုပ်ဖို့  အထူးသတိပေးတယ်လို့ PSTF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013