
မန်ယူနည်းပြသစ် ဖြစ်လာဖို့ နှုတ်ကတိရထားတဲ့ ပိုချက်တီနိုဟာ ဟေတီအသင်းနဲ့ ကစားမဲ့ ပွဲစဉ် ၂ ပွဲမှာ အမေရိကန်အသင်းကို ဆက်လက်ကိုင်တွယ်ဖွယ်ရှိတယ်လို့ Sky Sports က ဖော်ပြပါတယ်။
မန်ယူအသင်းဘက်က သူ့ကို အမြန်ဆုံး ခေါ်ယူချင်ပေမဲ့ အမေရိကန်အသင်းအပေါ် တာဝန်ယူမှုကို နားလည်ပေးထားပြီး လာမဲ့ ၂၄ နာရီအတွင်း အမေရိကန် ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေါင် ၇ သန်းတန် လျော်ကြေးနဲ့ နည်းပြအဖွဲ့ဝင်တွေ ကိစ္စကိုလည်း မန်ယူအသင်းက ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
လက်ရှိနည်းပြ မိုက်ကယ်ကာရစ်နဲ့ လမ်းခွဲခဲ့ရင် ပိုချက်တီနိုက ဗုဒ္ဓဟူးနေ့ အစောပိုင်းကတည်းက သဘောတူထားတဲ့အတိုင်း နည်းပြသစ်ဖြစ်လာမှာဖြစ်ပြီး မန်ယူကစားသမားတွေကတော့ နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေနေ့မှာ ကစားမဲ့ လီဗာပူးနဲ့ပွဲစဉ်အတွက် ကြာသပတေးနေ့မှာ ပြန်လည် စုစည်းကြမယ်လို့ သိရပါတယ်။











