DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတွင် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံး
DVB
·
October 3, 2022
ကရင်နီဒေသတွင် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံး
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာလက ကရင်နီ (ကယား) ပြည်နယ်မှာ တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၁၀၀ ကျော်သေဆုံး၊ ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။ 

စက်တင်ဘာ တလတာအတွင်း ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ၁၈ ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၁၄ ကြိမ်၊ လွိုင်ကော်မြို့နယ်မှာ ၁၁ ကြိမ်၊ ဖယ်ခုံမြို့နယ်နဲ့  မိုးဗြဲမြို့တို့မှာ ၉ ကြိမ်၊ ရှားတောမြို့နယ်မှာ ၃ ကြိမ်၊ ဘောလခဲမြို့နယ်မှာ ၂ ကြိမ်၊ စုစုပေါင်း ထိတွေ့တိုက်ပွဲပေါင်း ၅၇ ကြိမ် ဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ 

အောက်တိုဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဒီးမော့ဆို - ဖရူဆို လမ်းမကြီးတလျှောက်နဲ့  မိုးဗြဲမြို့တို့မှာ စစ်ရေးအရ ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီတပ်တွေကို KNDF တပ်ရင်းတွေ၊ KA နဲ့ တခြား မဟာမိတ်အဖွဲ့တွေ စက်တင်ဘာလ ဒုတိယပတ်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီလို တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား သေဆုံးသလို သူတို့ရဲ့ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိကြောင်း ဖော်ပြထားပါတယ်။

“အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ၁၀၄ ဦး ကျော် သေဆုံးခဲ့သလို ၆၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထံမှ MA-1 (၃)လက်၊ MA-2 (၃)လက်၊ MA-3 (၈)လက်၊ MG စက်သေနတ် ၁ လက်၊ (၆၀) မမ အသီး၊ RPG အသီး၊ စွပ်ဗုံးနှင့် ခဲယမ်းများ၊ အသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁ စီး ဖျက်ဆီးနိုင်ခဲ့တယ်"လို့ ဖော်ပြပါတယ်။ 

တလတာ တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်က ရဲဘော် ၅ ယောက် ကျဆုံးသွားခဲ့ကြောင်းဖော်ပြပါတယ်။ 

တိုက်ပွဲတွေမှာ  စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့လို့ ဒေသခံ နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ပြီး ဘုရားကျောင်း ၂ ကျောင်းလည်း ပျက်စီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က  တဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၇ လုံး ထိခိုက်ပျက်စီးရသလို လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ 

လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁၀ ယောက် သေဆုံးခဲ့ပြီး ၁၉ ယောက် ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိလို့ ပြည်သူ ၁ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။  

ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သား ၂ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂ ရက် မနေ့ကလည်း စစ်ကောင်စီတပ်တွေက လွိုင်ကော်မြို့နယ် အရှေ့ခြမ်းကကျေးရွာတွေကို လက်နက်ကြီး အလုံး ၄၀ မက ပစ်ခတ်ခဲ့တယ်လို့ KNDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ ကရင်နီပြည်နယ်ထဲမှာ စစ်အင်အားတိုးချဲ့ပြီး  စစ်ကြောင်းထိုးတာ၊ တပ်ဖြန့်တာတွေကို နေ့တိုင်း လုပ်ဆောင်နေသလို  စစ်ကြောင်းထိုး တပ်စွဲခဲ့တဲ့နေရာတွေကိုလည်း မိုင်းထောင်ခဲ့တယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013