DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်၌ ဇီးပြားရဲစခန်း စီးနင်းတိုက်ခိုက်ခံရ
DVB
·
October 3, 2022
ပေါက်မြို့နယ်၌ ဇီးပြားရဲစခန်း စီးနင်းတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းက ပျူစောထီးသင်တန်းပေးနေတဲ့ ဇီးပြားရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁၇ ယောက်လောက်သေဆုံးကာ ပျူစောထီး ၅၃ ယောက်ဖမ်းမိခဲ့တယ်လို့  မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

ဇီးပြားရဲစခန်းမှာ ပျူစောထီး ၁၀၀ လောက်ကို သင်တန်းပေးနေတာဖြစ်ပြီး တိုက်ပွဲက မနေ့မွန်းလွဲ ၁ နာရီခွဲလောက်ကနေ ညနေ ၆ နာရီ မိနစ် ၄၀ လောက်အထ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က  ၁၇ ယောက်လောက် သေဆုံးနိုင်တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။  

“နှစ်ဘက်တိုက်ပွဲမှာ ပစ်ခတ်ချိန် ၅ နာရီနီးပါးလောက်ကြာလာတော့ ကျနော်တို့ဘက်က အသာစီးရထားတာတယ်။ စခန်းတော့မသိမ်းဆည်းနိုင်ခဲ့ပေမဲ့ ပျူစောထီး ၅၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်။ သူတို့ကို သတ်ဖြတ်တာတွေတော့ လုပ်မှာမဟုတ်ဘဲ မှတ်ပုံတင်တွေ သိမ်းဆည်းကာ အမြင်မှန်ရရှိလာအောင် ခံဝန်တွေထိုးခိုင်းပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတယ်။”

ပျူစောထီးတွေက သူတို့ဘက်ကို မပါတဲ့သူတွေကိုခေါ်ပြီး ရိုက်နှက်နှိပ်စက်တာ၊ ဆန်စပါးရိက္ခာတွေကို သိမ်းဆည်းတာတွေရှိနေတယ်လို့ တိမ်းရှောင်နေကြောင်း  ရွာသားတွေက လာတိုင်တဲ့အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ကို စစ်ကြောင်း ၂ ကြောင်းထိုးနေတယ်လို့ သတင်းရထားပြီး ရေနံမှော်တွေကို ပျက်စီးဆုံးရှုံးအောင် မီးရှို့ဖျက်ဆီးခဲ့တဲ့  စစ်ကောင်စီတပ်တွေကို မိုင်းအကြီးစားတွေနဲ့ တိုက်ခိုက်ချေမှုန်းသွားမယ်လို့လည်း  ဗိုလ်လက်ယာက ပြောပါတယ်။

ကင်းမကျေးရွာသားတယောက်ကလည်း “ကျနော်တို့ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးပြီဆိုတာနဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးလို့ တောထဲတွေမှာ တဲလေးတွေဆောက်ပြီး ဖြစ်သလို နေနေကြရတယ်။ မိုးတွင်းကာလဆိုတော့ နေထိုင်စားသောက်ရေးအတွက် အရမ်းဒုက္ခရောက်ကြတယ်”လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာရင် အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြရပြီး ပြေးရင်းလွှားရင်းနဲ့ ထမင်းမစားရတာတွေလည်း ရှိခဲ့သလို စစ်ကြောင်းပြန်ပြီဆိုမှ သက်ကြီးရွယ်အိုတွေနဲ့ ကလေး သူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာရင် ရွာလုံးကျွတ် ထွက်ပြေးကြရသလို တချို့ရွာတွေဆိုရင်  ရွာလုံးကျွတ် မီးရှို့ခံထားရတာကြောင့် ပြည်တွင်း ပြည်ပ အလှူရှင်တွေဆီက ငွေကြေး အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈၄၃၄ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013