DVB Logo
Home
မြန်မာသတင်း
ကလိန်အောင်-ထားဝယ်ကားလမ်းတွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံများအား ဖမ်းဆီး
DVB
·
September 30, 2022
ကလိန်အောင်-ထားဝယ်ကားလမ်းတွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံများအား ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်-ထားဝယ် ကားလမ်းပေါ်က နှမ်းကျဲရွာ၊ ကျေးဇူးတော်ရွာ၊ ရေပုံးရွာနဲ့ ကျောက်ရှပ်ရွာတွေကို စက်တင်ဘာ ၂၅ ရက်ကစပြီး စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာကာ ရွာသားတွေကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့မှာ ရွာလူကြီး ဦးထွန်းခိုင် အပါအဝင် နှမ်းကျဲရွာသားနဲ့ ကျေးဇူးတော်ရွာသား ၂၀ နီးပါး အဖမ်းခံထားရပြီး စက်တင်ဘာ ၂၉ ရက်အထိ ပြန်လွတ်လာခြင်း မရှိသေးပါဘူး။

စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၂၅ ရက်ကတည်းက ဝင်လာပြီး နှမ်းကျဲရွာမှာ တပ်စွဲကာ ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ပတ်ဝန်းကျင်မှာ နေရာယူထားတာကြောင့် နှမ်းကျဲရွာနဲ့ ကျေးဇူတော်ရွာသားတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကျောက်ရှပ်ရွာသားတယောက်က “စစ်တပ်စစ်ကြောင်းက မနေ့က စက်တင်ဘာ၂၉ ရက်ညက ရေပုံးရွာနဲ့ ကျောက်ရှပ်ရွာအနားထိ ရောက်လာပြီး တောနင်းနေတယ်။ ဒါပေမဲ့ ရွာထဲထိ မရောက်လာသေးတော့ ရွာသားတွေတော့ နေနေကြတုန်းပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ကလိန်အောင်-ထားဝယ် ကားလမ်းပေါ်မှာလည်း စက်တင်ဘာ ၂၅ ရက်နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူကာ အရင်ကထက် ပိုမိုစစ်ဆေးနေပြီး ဆိုင်ကယ်နဲ့ ခရီးသွားတဲ့သူတွေကို ဆိုင်ကယ် toolbox တွေကအစ ဖွင့်စစ်တာမျိုး လုပ်နေတယ်လို့ စစ်ဆေးခံရသူတယောက်က ပြောပါတယ်။

စစ်တပ်က ကေအန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအနီးကို အခုလို စစ်ကြောင်းထိုးတာဟာ ၂၀၂၂ ခုနှစ်အတွင်း ၃ ကြိမ်ရှိနေပြီ ဖြစ်ပါတယ်။

ကေအန်ယူ တပ်မဟာ ၄ အနေနဲ့ အခုလို စစ်ကြောင်းဝင်ရောက်တာကို တုံ့ပြန်ဆောက်ရွက်တာမျိုး မရှိတာကြောင့် ဒေသခံတွေကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အခု စစ်ကြောင်းဝင်ရောက်ခံရတဲ့ လမ်းပိုင်းက ရွာတွေမှာ စစ်တပ်ယာဉ်တန်းတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ မကြာခဏ ခံနေရပြီး အဲဒီရွာတွေဟာ ကေအန်ယူ ဘိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်ထဲမှာ ပါဝင်တဲ့ရွာတွေလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ ထားဝယ်ခရိုင် ထွေအုပ်နဲ့အဖွဲ့က ရေဖြူမြို့နယ်ကို နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေး စတဲ့ စစ်ကြောင်းကြီး ၅ ကြောင်း အမည်ခံပြီး အနုနည်းနဲ့ ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းတာမျိုး ရေဖြူမြို့ပေါ်မှာ နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013