DVB Logo
Home
မြန်မာသတင်း
Yi Cai အထည်ချုပ်စက်ရုံ အလုပ်သမားအချို့ နစ်နာကြေးအပြည့်ရရေး ဆက်လက်တောင်းဆို
DVB
·
September 28, 2022
Yi Cai အထည်ချုပ်စက်ရုံ အလုပ်သမားအချို့ နစ်နာကြေးအပြည့်ရရေး ဆက်လက်တောင်းဆို
Donate to DVB

ရွှေပြည်သာစက်မှုဇုန်က Yi Cai အထည်ချုပ်စက်ရုံဟာ ပိတ်သိမ်းလိုက်ပေမဲ့ ဥပဒေပါ နစ်နာကြေးမရလို့ အချေအတင် အငြင်းပွားမှု ဖြစ်နေတယ်လို့ အဲဒီစက်ရုံအလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ပြောပါတယ်။

အဲဒီစက်ရုံက အလုပ်သမား ၂၉ ယောက်ဟာ စက်ရုံပိတ်သိမ်းလိုက်တာကြောင့် ဥပဒေပါ နစ်နာကြေးအပြည့်ရဖို့ တောင်းဆိုထားကြပြီး စက်ရုံဘက်က ငြင်းဆန်နေတာကြောင့် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။

STUM တာဝန်ရှိသူတယောက်က “ဒီနေ့လည်း အလုပ်သမားရုံးက ခေါ်ညှိတယ်။ အလုပ်သမားတွေ တောင်းတဲ့အတိုင်းမပေးလို့ ပြေလည်မှုတော့ မရခဲ့ဘူး” လို့ ပြောပါတယ်။

အလုပ်သမားတွေက ဥပဒေပါ အလုပ်ထုတ်နစ်နာကြေး သတ်မှတ်ချက်ဖြစ်တဲ့ နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ) အတိုင်းပေးဖို့ တောင်းဆိုထားတာပါ။

စက်ရုံဘက်ကတော့ တရက်လုပ်ခ ၄,၈၀၀ ကျပ်နှုန်းနဲ့ လစာတွက် နစ်နာကြေးပေးမှာဖြစ်လို့ အရင်က လစာထဲပါဝင်တဲ့ ကျွမ်းကျင်ကြေး၊ ဆုကြေး စတာတွေ ချန်လပ်ခံထားရတယ်လို့ သိရပါတယ်။

“ချန်လှပ်ခံရတာတွေကနေ ရမှာတွေပါ ပေါင်းလိုက်ရင် အလုပ်သမားတယောက်ကို ၁ သိန်းခွဲ၊ ၂ သိန်းလောက် နစ်နာသွားတယ်။ ဒါကို အလုပ်သမားတွေက ပြောနေတာ” လို့ STUM တာဝန်ရှိသူက ပြောပါတယ်။

Yi Cai အထည်ချုပ်စက်ရုံကို ဒီနှစ် ဇန်နဝါရီလလောက်ကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁ နှစ်မပြည့်ခင်မှာတင် အော်ဒါရရှိမှုနည်းလို့ဆိုကာ ပိတ်သိမ်းဖို့ ကြေညာလိုက်တာပါ။

အဲဒီလို စက်ရုံပိတ်သိမ်းတာကြောင့် လုပ်သက် ၆ လအထက် အလုပ်သမားတွေဟာ နစ်နာကြေး ၆ လစာ၊ နို့တစ်ကြေး တလစာနဲ့ စက်တင်ဘာလအတွက် လစာရဖို့ ရှိနေတာပါ။

အဲဒီထဲမှာမှ နို့တစ်ကြေးနဲ့ နစ်နာကြေး ၆ လစာကို ဥပဒေပါအတိုင်း တွက်ချက်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမား ၃၀၀ ကျော် လုပ်ကိုင်နေတာဖြစ်ပြီး ကျန်အလုပ်သမား အများစုဟာ စက်ရုံကပေးတဲ့အတိုင်း လက်ခံလိုက်ပြီး လက်ရှိ ၂၉ ယောက်ကသာ ဆက်လက်တောင်းဆိုနေတာ ဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေက သူတို့တောင်းဆိုချက်အတိုင်း ရရှိဖို့ မနေ့ကရော ဒီနေ့ပါ စက်ရုံရှေ့မှာ စောင့်ဆိုင်းနေပြီး စစ်ကောင်စီ နယ်မြေလုံခြုံရေး အဖွဲ့တွေကလည်း စောင့်ကြည့်မေးမြန်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့မှာ အလုပ်သမားရုံးကိုခေါ်ပြီး ညှိနှိုင်းမှုလုပ်ခဲ့ပေမဲ့ အခြေအနေ မထူးတာကြောင့် နောက်ရက်တွေမှာ စက်ရုံရှေ့ သွားရောက်စောင့်ဆိုင်းသွားကြဖို့ ရှိတယ်လို့ သိရပါတယ်။

Yi Cai စက်ရုံဟာ အော်ဒါအခက်အခဲကြောင့် နှစ်လ ယာယီပိတ်မယ်လို့ ကြေညာထားပေမဲ့ လက်ရှိမှာ စက်ရုံအတွင်းက စက်တွေ၊ အထည်တွေကို ရွှေ့ပြောင်းတာတွေ ရှိနေတယ်လို့ STUM တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013