DVB Logo
Home
Lead Story
ဘုရား မကြိုက်၊ နတ် မကြိုက်၊ ပြည်သူ မကြိုက်တဲ့ စစ်အမှိုက်များ
DVB
·
September 25, 2022
ဘုရား မကြိုက်၊ နတ် မကြိုက်၊ ပြည်သူ မကြိုက်တဲ့ စစ်အမှိုက်များ
Donate to DVB

အင်္ဂလိပ်လို Rubbish, Garbage, Waste စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပြီး မြန်မာစကားမှာ သုံးတဲ့ အမှိုက်ဆိုတဲ့ အရာ‌တွေကို လေ့လာဆန်းစစ်ကြည့်လိုက်ရင် တွေ့ရမှာက ရုပ်ဝတ္ထု အသုံးအ‌ဆောင် ပစ္စည်းတွေကို ရည်ရွယ်ချက်တခုခုအတွက် လူသားတွေက သုံးစွဲပြီးတဲ့‌နောက် ထွက်လာတဲ့ ဘေးထွက်စွန့်ပစ်ပစ္စည်းတွေကို ခေါ်တာဖြစ်ပါတယ်။

အဲဒီဘေးထွက်အမှိုက်တွေထဲမှာ တချို့က တိုက်ရိုက်ပြန်လည်အသုံးချ (Reuse) လို့ရတဲ့ အမှိုက်တွေရှိသလို တချို့အမှိုက်တွေက အသွင်သဏ္ဌာန်အသစ်ဖြစ်အောင် ပြန်လည်ထုတ်လုပ် အသုံးချ (Recycle) လို့ရတဲ့ အမှိုက်တွေလည်း ရှိတတ်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေထဲက တန်ဖိုးရှိတဲ့ အရာတွေကို ထုတ်နုတ်အသုံးချတာကိုပဲ မြန်မာစကားမှာ အမှိုက်ထဲက ရွှေထုတ်တယ်လို့  သုံးနှုန်းကြတာဖြစ်တယ်။

ဒါပေမဲ့ တချို့သောအမှိုက်တွေကတော့ ဘယ်လိုမှ ပြန်လည်အသုံးချလို့ မရနိုင်တော့တာမို့ မြေကြီးထဲ မြှုပ်ပစ်ရတာ၊ ဒါမှမဟုတ် အဲဒီလို တန်ဖိုးမဲ့အမှိုက်တွေကို မီးရှို့ပြာချပြီး ထွက်လာတဲ့အပူကို သုံးပြီး ရေနွေးငွေ့တာဘိုင်ကြီးတွေ လည်ပတ်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူကြရပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းထဲမှာလည်း နိုင်ငံနဲ့ ပြည်သူလူထုကို ကောင်းကျိုးမပေးဘဲ ဒုက္ခနဲ့ ဆိုးကျိုးသာ ပေးတတ်ပြီး ဘယ်လိုမှ ပြန်လည်အသုံးချလို့ မရနိုင်တော့တဲ့ စစ်အမှိုက်တွေ ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစစ်အမှိုက်တွေဟာ လက်နက်အားကိုး ဗိုလ်ကျတဲ့ အကျင့်စရိုက်ဆိုးကို ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ပြင်ဆင်မှုမပြုလုပ်နိုင်ဘဲ စစ်ရာဇဝတ်မှု အမျိုးမျိုးကို အတောမသတ် ဆက်လက်ကျူးလွန်‌နေကြပြီး ပြန်လည်သန့်စင်လို့ မရလောက်အောင် အကုသိုလ် အညစ်အကြေး အထပ်ထပ် လိမ်းကျံနေလို့ ဖြစ်ပါတယ်။

အမှန်တော့ အဲဒီစစ်အမှိုက်အုပ်စုကို အကျင့်ဆိုး‌တွေပြင်ဖို့ မြန်မာပြည်သူတွေက အချိန်ပေးခဲ့ရာမှာ လုံလောက်တဲ့အချိန်ထက် ကျော်လွန်ခဲ့ပြီး ဖြစ်ပါတယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို ၁၉၈၈ စက်တင်ဘာလမှာ သတ်ဖြတ်အာဏာသိမ်းလို့ ပါတီစုံပေးမယ်လို့ မရိုးမသား လိမ်ညာ ကတိပေးခဲ့ပြီးတော့လည်း အကျင့်ဟောင်းတွေ မပြင်ဆင်ခဲ့ကြဘဲ ကတိဖောက်ဖျက်ခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်ဗိုလ်ယုတ်တွေ စိတ်ဓာတ်ညံ့ဖျင်းတာ သိပေမဲ့လည်း သူမဖခင် တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ထားတဲ့ သံယောဇဉ်နဲ့ NLD ပြည်သူ့ပါတီနဲ့ ပြည်သူအပေါ် ကမ်းကုန်အောင် ရက်စက်ယုတ်မာစွာ သတ်ဖြတ်ဗိုလ်ကျခဲ့ပေမဲ့ နောင်တရပြီး ပြုပြင်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာအပြတ်အသတ် အနိုင်ရပေမဲ့ အစိုးရဖွဲ့တဲ့အခါ မြင့်ဆွေတို့လို စစ်ဗိုလ်ဟောင်းတွေကို အစိုးရအဖွဲ့ထဲ ထည့်သွင်းပြီး လက်တွဲခေါ်ယူလို့ အခွင့်အရေးပေးခဲ့ပေမဲ့ မြင့်ဆွေတို့ စစ်ဗိုလ်ယုတ်တသိုက်ဟာ အကျင့်ဆိုးတွေ မပြင်တဲ့အပြင် ကျေးဇူးကန်းပြီး ထမင်းရှင် ပြည်သူတွေရဲ့ လက်ကို ပြန်ကိုက် အာဏာထပ်လုခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ဗိုလ်ယုတ်တွေထဲက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သူတော်ကောင်းမျက်နှာဖုံး စွပ်ထားတဲ့ သိန်းစိန်ဆိုတာ ၂၀၀၈ ခုနှစ် မေလထဲမှာ ပြည်သူအလိုမတူတဲ့ နာဂစ်စစ်ကျွန်ဥပဒေထဲ စစ်အာဏာရှင်စနစ်မျိုးစေ့ကို မြှုပ်နှံထားခဲ့ပြီးမှ NLD ပါဝင်မယှဉ်ပြိုင်နိုင်အောင် နည်းမျိုးစုံနဲ့ ယုတ်ပတ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြိုင်ဘက်မရှိဘဲ အနိုင်ရပြီး စစ်ဘောင်းဘီချွတ်အစိုးရ ဖွဲ့ခဲ့တာပါ။

ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ သိန်းစိန်တို့ရဲ့ သိုး‌ရေခြုံဝံပုလွေ အစိုးရလက်ထက်မှာ မီဒီယာ လွတ်လပ်ခွင့် အနည်းအကျဉ်းပေး၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်‌ပေးဆွဲရာကနေ အလီလီခွဲလွှတ်လို့ နိုင်ငံတကာအကူအညီ‌ အထောက်အပံ့ရ‌အောင်လုပ်လို့ အဓိကမကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြပြီး သူတို့ကပဲ ဒီမိုကရေစီပေးသလိုလို ကျေးဇူးအတင်ခံချင်ခဲ့ကြတာ လူတိုင်းသိကြပါတယ်။

စစ်ဘောင်းဘီချွတ်အစိုးရလက်ထက်မှာ ကျောင်းသားတွေက ဒီမိုကရေစီပညာရေးစစ်စစ်ကို တောင်းကြတဲ့အခါ လူမဆန်စွာ ရိုက်နှက်ဖမ်းဆီးခဲ့ကြသလို သိတတ်နားလည်ကြတဲ့ ပြည်သူတွေ၊ နိုင်ငံရေးသမားတွေက သိုး‌ရေခြုံဝံပုလွေ အစိုးရကို ပြောင်းလဲချိန်တန်ပြီလို့ ပြောဆို တိုက်တွန်းကြတုန်းက ကြောင်ချေးသိန်းစိန်က ဘာကိုပြောင်းလဲရမှာလဲ၊ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် ပြောင်းလဲပေးပြီးပြီ၊ ဆက်ပြောင်းချင်ရင်တော့ ကွန်မြူနစ်စနစ်ပဲ ကျန်တော့တယ်ဆိုတဲ့ သဘောမျိုး ဗြောင်လိမ်ညာခဲ့တာပဲ။

အခုတော့ ကြောင်ချေးသိန်းစိန်တို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်ထဲ ထည့်သွင်း ဖုံးကွယ်ထားတဲ့ စစ်ဝံပုလွေဟာ သိုးရေခွာချလို့ ပြည်သူ့အာဏာကို ထပ်လုယူပြီး နိုင်ငံသူ နိုင်ငံသားတွေကို ကိုက်ဖြတ်စားသောက်နေကြတာ မဟုတ်လား။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံနဲ့ ပြည်သူအပေါ် ဘယ်တုန်းကမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စိတ်စေတနာကောင်း မရှိကြတဲ့ အခွင့်ထူးခံ စစ်အမှိုက်တွေဟာ သူတို့ရဲ့ စိတ်ဓာတ်ဆိုး အကျင့်ဆိုးတွေကို ပြင်ဆင်ဖို့ မြူတမှုန်မျှလောက်စာ ဆန္ဒမရှိတဲ့အပြင် တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထုအပေါ် လက်နက်အားကိုး ဗိုလ်ကျအနိုင်ကျင့်လိုစိတ်ဟာ သူတို့အရိုးထဲစွဲပြီး ဂျွပ်တက်နေပြီ ဖြစ်ပါတယ်။

ပြည်သူဟာ အုပ်ချုပ်ခံ၊ သူတို့သာ အုပ်စိုးသူ၊ သူတို့ပေးမှသာ ဒီမိုကရေစီကို ပြည်သူတွေ ရနိုင်မယ်ဆိုတဲ့ ပဒေသရာဇ်သွေးဆိုးတွေ စီးဆင်းလည်ပတ်နေတဲ့ စစ်အမှိုက် လူအမှိုက်တွေသာ ဖြစ်ကြပါတယ်။

အဲဒီလို ပြန်လည်သန့်စင်လို့ မရလောက်အောင် ကိုယ်ကျင့်သီလ စိတ်ဓာတ်အတွေးအခေါ်တွေ ပျက်စီးနေကြတဲ့ စစ်အမှိုက်၊ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေကို ၂၁ ရာစု မြန်မာ့နွေဦးတော်လှန်ရေးကြီးက နောက်ထပ်အခွင့်အ‌ရေး ထပ်မ‌ပေးတော့ဘဲ အမြစ်က ဆွဲနုတ်ပြီး လူ့အဖွဲ့အစည်းကနေ အပြီးတိုင် ရှင်းလင်းဖယ်ရှားနေတာဟာ အခုဆို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်ကို ထင်ရှားစွာ မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013