DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့် ချောင်းဦးကြားတွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
September 25, 2022
မုံရွာနှင့် ချောင်းဦးကြားတွင် စစ်ကား ၂  စီး မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

မန္တလေး - မုံရွာလမ်းပိုင်းရှိ မုံရွာနဲ့ ချောင်းဦးမြို့ကြားမှာ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက  စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကား နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲ့ဒီစစ်ကား နှစ်စီးဟာ မုံရွာကနေ မန္တလေးဘက်ကို ဦးတည်ထွက်ခွာလာတာလို့ သိရပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကား တစီးရဲ့ နောက်ပိုင်းထိမှန်သွားပေမဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိမရှိတော့ မသိရသေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မုံရွာတောင်ပိုင်း) တာဝန်ရှိသူတဦးက "မုံရွာဘက်ကနေ စစ်ကိုင်းကိုသွားသလား၊ မန္တလေးဘက်ထိသွားမလားတော့ မသိဘူး။ မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ကားနောက်ပိုင်းကို ထိသွားတယ်။ ရန်သူ ထိခိုက်မှုအခြေနေ အသေပျောက်စာရင်းကိုတော့ စုံစမ်းနေဆဲပဲ " လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို People's Defence Force - South Monywa  နဲ့ Farmers Revolution Army တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ - မန္တလေးလမ်းမကြီးကို အသုံးပြုသွားလာကြတဲ့ ပြည်သူတွေအနေနဲ့ လူနာတင်ယာဥ်နဲ့ သာသနာရေးယာဉ်တွေအပါအဝင် ယာဉ်တွေအားလုံး သွားလာမောင်းနှင်ရာမှာ ကားမှန်ချပြီး သင့်တင့်တဲ့အရှိန်နဲ့သာ မောင်းနှင်ပေးကြဖို့နဲ့ သတိပေးချက်တွေကို မျက်ခြေမပြတ်‌ဖတ်ပြီး အတိကျလိုက်နာပေးကြဖို့  ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စင်တင်ဘာ ၁၆ ရက်ကလည်း  မုံရွာနဲ့ ချောင်းဦးကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကား ၃ စီးကို ဒေသကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013