DVB Logo
Home
မြန်မာသတင်း
စစ်တပ်က သပိတ်တောင်ရွာ နေအိမ် ၃ လုံးကို မီးရှို့ပြီး ရွာသား ၆ ဦးအား ဖမ်းဆီး
DVB
·
September 24, 2022
စစ်တပ်က သပိတ်တောင်ရွာ နေအိမ် ၃ လုံးကို မီးရှို့ပြီး ရွာသား ၆ ဦးအား ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စုက သပိတ်တောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စက်တင်ဘာ ၂၃ ရက်က ပစ်ခတ်ခဲ့ပြီး အဲဒီနေ့ညမှာပဲ ရွာကို မီးရှို့ခဲ့သလို စက်တင်ဘာ ၂၄ ရက် မနက်မှာတော့ မြောက်ရွာသား ၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

အလယ်ချောင်းမွတ်ဆလင်ကျေးရွာနား တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ(ခွဲ) နခခ(၈)က စက်တင်ဘာ ၂၃ ရက် မနက် ၁၁ နာရီလောက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သပိတ်တောင်အုပ်စု၊ မြောက်ရွာက အမျိုးသား တယောက်၊ အမျိုးသမီး ၁ ယောက်နဲ့ သိမ်တောင် ရွာက KG တန်းကျောင်းသား ၁ ယောက် ပြင်းထန်စွာ ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ 

သပိတ်တောင်အုပ်စု၊ မြောက်ရွာက မာမတ်ဟလင်၊ မရိုဂီယာနဲ့ သိမ်တောင်ရွာက အသက် ၅ နှစ်အရွယ် KG ကျောင်းသား အမရာဖာရောက်(ဘ) မာမတိဇူဘိုင်တို့ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဆေးကု ပေးမယ်ဆိုပြီး စစ်ကောင်စီတပ်က ခေါ်ဆောင်သွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သပိတ်တောင်အုပ်စု မြောက်ရွာနားမှာ တိုက်ပွဲ မဖြစ်ဘဲ နခခ (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ က လက်နက်ကြီးတွေနဲ့ အနီးအနားက တောင်တန်းတွေကို စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းတည်း က ပစ်ခတ်နေတာဖြစ်ပြီး ကျေးရွာတွေနားကျလို့ အခုလို ထိခိုက်ဒဏ်ရာရတာလို့ ရွာသား တဦးက ပြောပါတယ်။

ဒါ့အပြင် ည ၉ နာရီကျော်လောက်မှာလည်း  သပိတ်တောင်ကျေးရွာအား စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်တောင်ရွာက လူနေအိမ် ၃ လုံးကို စက်တင်ဘာ ၂၃ ရက် ညမှာ မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ ၂၄ ရက် မနက်ပိုင်းမှာ ကျေးရွာသား ၆ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

တင်ဆက်(မွတ်ဆလင်) ကျေးရွာနားမှာ တပ်စွဲနေတဲ့ ခမရ ၂၁၀ က  ကိုညွန့်ဝင်း(၃၅နှစ်)၊  ကိုထွန်းသာလှ(၂၄နှစ်)၊ ကိုရွှေထွန်း (၃၈ နှစ်)၊ ကိုမောင်မျိုးဝင်း(၃၇နှစ်) ကိုသန်ထွန်းအောင်(၁၆နှစ်) နဲ့ ကိုမောင်ဖြူ(၃၅နှစ်)တို့ကို ဖမ်းဆီးသွားတာလို့ ကျေးရွာသားတွေက ပြောပါတယ်။ 

သပိတ်တောင် ကျေးရွာသား တဦး​က " မနေ့က ညနေမှာ စစ်ကြောင်း တခုရွာထဲကို ဝင်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာတွေ ရှိတယ်။ ရွာက လူတွေက ဘူးသီးတောင်ကို ရှောင်နေကြတော့ ရွာမှာက လူ ၁၀ ယောက်ကျော်လောက်ပဲ ကျန်ခဲ့တာ။ အဲဒီရွာသားတွေက စစ်ကြောင်းဝင်လာတော့ အကုန်လုံး ဘုန်ကြီးကျောင်းအောက်မှာ ပုန်းနေကြတယ်။ စစ်သားတွေက ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ ပစ်ဖို့လုပ်ခဲ့ကြတယ် ပစ်တော့ မပစ်ခဲ့ဘူး။ အဲဒီနောက် ရွာက အိမ် ၃ ဆောင်ကို မီးရှို့ခဲ့ပြီး မနက်မိုးလင်းတာနဲ့ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေကြတဲ့ ရွာသား ၆ ဦးကို ဖမ်းဆီး သွားတာဖြစ်တယ်" လို့ပြောပါတယ်။ 

အဲဒီဖမ်းဆီးခံလိုက်ရတဲ့ ကျေးရွာသားတွေကို အလယ်ချောင်းကျေးရွာအစိုက် နခခ-၈ တပ်ရင်းသို့ ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။

သပိတ်တောင်ကျေးရွာဟာ အိမ်ခြေ ၆၀ ကျော်ခန်ရှိပြီး လူဦးရေ ၃၀၀ ကျော်ခန်ရှိကာ လက်ရှိမှာ ဘူးသီးတောင်မြို့နဲ့ နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013