DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ကို လော့ဒေါင်းချထားရာမှ ပြန်ဖြေလျှော့
DVB
·
September 23, 2022
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ကို လော့ဒေါင်းချထားရာမှ ပြန်ဖြေလျှော့
Donate to DVB

အရှေ့မြောက် စီးပွားရေးတံခါးပေါက်ရဲ့ အဓိက အချက်အချာကျရာ မြို့တမြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ တမြို့လုံးနီးပါး လော့ဒေါင်းချထားရာက စက်တင်ဘာ ၂၁ ရက် ည တရုတ်စံတော်ချိန် ည ၁၂ နာရီကစပြီး ပြန်လည်ဖြေလျှော့သတ်မှတ်ခဲ့ကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တယောက်က “ဟုတ်တယ်၊ ဟုတ်တယ်။ မနေ့က ၁၂ နာရီ ဖွင့်လိုက်တာ ဟုတ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်ကစပြီး ရွှေလီမှာ ကိုဗစ်ပိုး ပြန်လည်စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၆ ရက်မှ ၂၁ ရက်နေ့အထိ ၅ ရက်ကြာ တမြို့လုံးနီးပါး အသွားအလာ ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

ရွှေလီမှာနေထိုင်တဲ့ ကုန်သည်တယောက်က “စက်တင်ဘာ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ လော့ဒေါင်းပိတ်ထားတဲ့ နေရာတွေမှာ သုံးကြိမ် ကိုဗစ်ပိုးစစ်ဆေးတဲ့ အဖြေရလဒ်က အားလုံး ပိုးမတွေ့တာကြောင့် စက်တင်ဘာ ၂၁ ရက်နေ့ တရုတ်စံတော်ချိန် ည ၁၂ နာရီက လော့ဒေါင်းချ ပိတ်ထားတဲ့နေရာတွေ ပြန်ဖွင့်ပေးလိုက်ပြီ။ လော့ဒေါင်းဖြည်ပြီ” လို့ ရှင်းပြပါတယ်။

ရုပ်ရှင်ရုံ၊ ဘား၊ ကလပ်၊ KTV၊ အနှိပ်ခန်း၊ ဖဲရုံ၊ အနုပညာသင်တန်းကျောင်းတွေကတော့ လတ်တလော ဖွင့်ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

ရွှေလီမြို့ရဲ့ အရှေ့ဘက်မှ ရွှေလီအရှေ့ အမြန်လမ်းဆုံ၊ Mangliang ကျေးရွာ၊ Yunmen ကျေးရွာ၊ Panbeng ကျေးရွာ၊ တောင်ဘက် ရွှေလီမြစ်တလျှောက်၊ Jiejiao Guomen Community၊ အနောက်ဘက် To Longlin Avenue၊ Heha Village၊ မြောက်ဘက် Hangrui Expressway နဲ့ extension စတဲ့နေရာတွေကို အသွားအလာကန့်သတ်မှု ဖြေလျှော့လိုက်ပြီ ဖြစ်ကြောင်း ရွှေလီမြို့ စည်ပင်သာယာရေးအဖွဲ့ New Coronary Pneumonia ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဌာနချုပ်ကလည်း စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ရွှေလီမှ ထွက်ခွာလိုသူတွေအနေနဲ့ ၂၄ နာရီအတွင်း ကိုဗစ်ပိုးစစ်ဆေးထားတဲ့ ပိုးမရှိကြောင်း လက်မှတ်နဲ့ ထွက်ခွာနိုင်ကြောင်းနဲ့ ခရီးစဉ်အကြောင်း တင်ပြလျှောက်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။

အသွားအလာ ကန့်သတ်မှုကြောင့် နှစ်နိုင်ငံကုန်သွယ်ရာ ဝမ်တိန်-ကျင်စန်းကျော့ နယ်စပ်ဂိတ် အဝင်အထွက် ထိခိုက်မှုမရှိပေမဲ့ ရွှေလီမြို့နဲ့ တရုတ်ပြည်ထဲက တခြားမြို့ကြီးတွေ ကုန်တွေ သယ်ယူပို့ဆောင်မရခဲ့လို့ အွန်လိုင်းကတဆင့် မြန်မာဘက်ကနေ ရွှေလီဘက်ကို ပစ္စည်း မှာယူတင်သွင်းတဲ့ အမြန်ချောပို့စနစ် ခက်ခဲကြန့်ကြာခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကာလ ရွှေလီမြို့နဲ့ ဆက်နွှယ် ကုန်သွယ်ရတဲ့ ဝမ်တိန်-ကျင်စန်းကျော့ ဂိတ်ဟာ အရှေ့မြောက်စီးပွား‌ေရး တံခါးပေါက်ရဲ့ အများဆုံး ကုန်သွယ်ရာနေရာ ဖြစ်လာကာ အဲဒီဂိတ်ကို ကိုဗစ်ရောဂါကြောင့် လပေါင်းများစွာ ပိတ်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကမှ ကိုဗစ်သတ်မှတ်ချက် စည်းကမ်းနဲ့အညီ အစားထိုး ယာဉ်မာင်းစနစ်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013