DVB Logo
Home
မြန်မာသတင်း
ရွှေလီမြို့ လော့ဒေါင်း အကန့်အသတ်ဖြင့် ဖြေလျှော့ပြီး ရွှေလီ-ဝမ်တိန် တံတား ပြန်ဖွင့်
DVB
·
August 19, 2021
ရွှေလီမြို့ လော့ဒေါင်း အကန့်အသတ်ဖြင့် ဖြေလျှော့ပြီး ရွှေလီ-ဝမ်တိန် တံတား ပြန်ဖွင့်
Donate to DVB

တရုတ်-မြန်မာ နယ်စပ် ရွှေလီကို ဩဂုတ် ၁၈ ရက်နေ့မနက်ပိုင်းက လော့ဒေါင်း အကန့်အသတ်နဲ့ ဖြေလျှော့လိုက်ပြီး ရွှေလီ-ဝမ်တိန် တံတားကိုလည်း ဖွင့်ပေးလိုက်ပြီလို့ တရုတ် ဘက်ခြမ်းက မြန်မာကုန်သည်တွေဆီက သိရပါတယ်။

ကူးစက်မူဇုန် အနီရောင်ဇုန် နဲ့ အလယ်လတ်ဇုန် (အဝါရောင်) တို့က ဆက်လက်ပြီး Stay at Home နေထိုင်ဖို့ သတ်မှတ်ထားပြီး ရွှေလီမြို့ကနေ ထွက်ခွာတာကို တားမြစ်ပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ရွှေလီ-ဝမ်တန်တံတားကို ဖွင့်ပေးလိုက်ပြီး ရွှေလီကနေ ကုန်ကားတွေ ဝမ်တိမ်ကို မောင်းလာလို့ရနေပြီလို့ ဝမ်တိမ်ရောက် မြန်မာကုန်သည်တဦးက ပြောပါတယ်။

ရွှေလီဘက် ပိတ်မိနေတဲ့ မြန်မာကုန်ကားတွေ မြန်မာနိုင်ငံဘက် ထွက်ရဖို့ အနီးစပ်ဆုံးက ဝမ်တိန်ကို လာလို့ရပြီ ဖြစ်တာကြောင့် ဝမ်တိန်ကိုရောက်အောင် အရင်မောင်းပို့ထားကြဖို့ သူက အကြံ ပြုထားပါတယ်။

ကုန်စုံပိတ်မိနေတဲ့ ကားတွေလည်း မကြာခင် ပေးထွက်သွားဖို့ စာရင်းကောက်ထားတာ ရှိတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်ကို အ၀င်ကား လုံးဝ မရသေးတဲ့အပြင် လက်ရှိအထွက်ကား ရဖို့အ‌တွက်ပင် မနည်းကြိုးစားနေရတာကြောင့် မြန်မာကုန်သည်တွေအနေနဲ့ နောက်ထပ် တရုတ်ဘက်က ပစ္စည်းထပ်မ၀ယ်ဖို့၊ လက်ရှိပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေ အရင်ထွက်နိုင် အောင်လုပ်ဖို့၊ အခြေနေက မတည်ငြိမ်သေးကြောင်း  တရုတ်ဘက်ရောက် မြန်မာကုန်သည်တွေက ပြောပါတယ်။

ကိုဗစ်ကပ်‌ရောဂါ အကြောင်းပြကာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ အားလုံး ဇူလိုင်လ ၈ ရက်နေ့ကစ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပေမယ့် ဇူလိုင်လ ၂၁ ရက်နေ့ကစ တရုတ်နိုင်ငံ ဝမ်တိန်ဘက် ဂျူတီဆောင်ပြီး ပိတ်မိနေတဲ့ မြန်မာကားတွေနဲ့ ဆေးနဲ့ ကျန်းမာရေး ဆက်စပ်ပစ္စည်း တက်ဆောင်တဲ့ ကားတွေကို မြန်မာဘက် တစ်ပတ် သုံးကြိမ် ထွက်ခွင့် ပြုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013