DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် စျေးဝယ်ချိန်နှင့် အပြင်ထွက်ခွာချိန် ထပ်မံကန့်သတ်
DVB
·
August 15, 2021
မန္တလေးတွင် စျေးဝယ်ချိန်နှင့် အပြင်ထွက်ခွာချိန် ထပ်မံကန့်သတ်
1 / 4
Donate to DVB

Stay at Home အမိန့်ထုတ်ထားတဲ့ မန္တလေးမြို့မှာ သြဂုတ် ၁၆ ရက်မှ ၂၉ ရက်ထိ စျေးဝယ်ချိန်နဲ့ အပြင်ထွက်ခွာချိန်ကို မန္တလေးတိုင်းစစ်ကောင်စီက ထပ်မံကန့်သတ် ထုတ်ပြန်လိုက်ပါတယ်။ 

ဈေးဝယ်ချိန်နဲ့ အပြင်ထွက်ချိန်ကို မနက် ၄ နာရီမှ ၉ နာရီအထိနဲ့ ညနေ ၃ နာရီခွဲမှ ညနေ ၆ နာရီအထိ သတ်မှတ်လိုက်တာဖြစ်ပြီး မနက် ၉ နာရီကနေ ညနေ ၃ နာရီခွဲအထိ အပြင်ထွက်ခွင့် မပြုပါဘူး။ 

အသိပညာပေးကာလကို သြဂုတ် ၁၅ရက်နေ့ထိ သတ်မှတ်ထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ စစ်ကောင်စီရဲ့  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ အခုလိုအချိန်ကန့်သတ်တာကို ဇူလိုင် ၂၅ ရက်ကလည်း တကြိမ်  ပြုလုပ်ခဲ့ပေမယ် ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် နာရီပိုင်းအတွင်း အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ 

အကြောင်းကိစ္စအမျိုးမျိုးကြောင့် အပြင်ထွက်မယ်ဆိုရင်  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပေးထားတဲ့ ဈေးဝယ်ခွင့်ကတ်၊ နယ်မြေဖြတ်ကျော်ခွင့်ကတ်တွေ ယူဆောင်လာဖို့ လိုအပ်ပြီး ကိုင်ဆောင်လာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးထားပါတယ်။ 

ဒါ့အပြင် သတ်မှတ်ကာလအတွင်း မန္တလေးခရိုင် မြို့နယ်တွေမှာ မော်တော်ယာဉ်ရပ်နားခွင့်မပြုပဲ အဓိက လမ်းမကြီးတွေဖြစ်တဲ့ ၂၆လမ်း၊ လမ်း ၃၀၊ ၃၅လမ်း၊ သိပ္ပံလမ်း၊ ကမ်းနားလမ်း၊ ၈၄လမ်း၊ လမ်း ၈၀၊ ၇၈လမ်း၊ ၇၃လမ်း၊ ၆၆ လမ်း၊ ၆၂လမ်းနဲ့ အရှေ့မြို့ပတ်လမ်းတွေကသာ ဖြတ်သန်းသွားလာနိုင်ပြီး တခြားလမ်းတွေမှာ မောင်းနှင်ခွင့်မပြုဘူးလို့ အသိပေးထားပါတယ်

လတ်တလော ပြည်တွင်းမှာ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူ ရုံးပိတ်ရက်အဖြစ် ဩဂုတ် ၂၂ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။ 

မန္တလေးတိုင်းက မြို့နယ်တွေအပါအဝင် နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀  မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013