DVB Logo
Home
မြန်မာသတင်း
မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေကြေးတောင်းခံမှုများရှိနေသဖြင့် ပြည်သူ​များအခက်တွေ့
DVB
·
September 22, 2022
မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေကြေးတောင်းခံမှုများရှိနေသဖြင့် ပြည်သူ​များအခက်တွေ့
Donate to DVB

အသက် ၁၀ နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပြီး မပြုလုပ်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ အသိပေးထုတ်ပြန်နေပေမဲ့ မှတ်ပုံတင်ပြုလုပ်ရာမှာ ငွေကြေး တောင်းခံတာတွေကြောင့် အခက်အခဲဖြစ်နေတယ်လို့ မှတ်ပုံတင်ပြုလုပ်သူတွေက ပြောပါတယ်။

မှတ်ပုံတင် သက်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြား ပြန်လဲလှယ်ရာမှာ လိုအပ်တာထက်ပိုပြီး ကုန်ကျစရိတ်တွေရှိတယ်လို့ မှော်ဘီမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်သားဆိုရင် မှတ်ပုံတင်ပြန်လဲတာ ၁၀ နှစ်ပြည့်ကို ၁၈ နှစ်ပြန်လဲတာ ပိုက်ဆံမပေးတော့ ရစ်နေတယ်၊ ပေးလိုက်မှရတယ်။ ဒါတောင် နှစ်လကျော်ကြာတယ်။”

အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်ပြုလုပ်ရာမှာလည်း မလိုအပ်တဲ့ အထောက်အထား တောင်းခံတာတွေရှိပြီး မှတ်ပုံတင်ကို ပိုက်ဆံပေးလုပ်သူများတယ်လို့ လှိုင်သာယာမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“၁၀ နှစ်ပြည့်မှတ်ပုံတင် လုပ်မယ်ဆိုရင် သန်းခေါင်စာရင်းမူရင်း/မိတ္တူ၊ မွေးစာရင်း၊ မိဘနှစ်ပါးမှတ်ပုံတင်၊ သွေးစစ်လက်မှတ်၊ ရပ်ကွက်ထောက်ခံစာ ပါရမယ်။ ဒါတွေအစုံမပါဘူးဆို မရဘူး။ မိဘတယောက်က မှတ်ပုံတင်ပျောက်နေရင် လဝကအတွက် ခွင်ပဲ။”

မှတ်ပုံတင်ပျောက်ဆုံးလို့ ပြန်လည်ပြုလုပ်ရာမှာ ဌာနတခုနဲ့တခု လွှဲပြောင်းပေးနေပြီး အချိန်ကြန့်ကြာတဲ့အတွက် အခက်အခဲရှိတယ်လို့ ရွှေပြည်သာမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ခါးပိုက်နှိုက်ခံရလို့ မှတ်ပုံတင်ပါသွားတယ်။ မှတ်ပုံတင်ပြန်လုပ်တော့ မှတ်ပုံတင် ပြန်လျှောက်ဖို့ အကုန်စုံနေတာတောင် ထောက်ခံစာမှာ ပြဿနာတက်တယ်။ ရဲစခန်းထောက်ခံစာယူတော့ ခါးပိုက်နှိုက်ခံရတယ်ပြောတော့ အဲ့ဒီတုန်းက အကြောင်းကြားလားဆိုပြီး လုပ်တယ်။ ရပ်ကွက်ကလည်း ချက်ချင်းမလုပ်ပေးဘူး။ ပိုက်ဆံအတော်လေးကုန်မှ ထောက်ခံစာရတယ်။ ဌာနတွေက တခုနဲ့တခု ဘော်လီဘော ပုတ်နေကြတာ။”

တချို့ လဝကဦးစီးဌာနတွေမှာ ဝန်ထမ်းတွေထက် ပွဲစားတွေက မှတ်ပုံတင်လာလုပ်သူတွေကို ပိုပြီးအာဏာပြတယ်လို့ လှည်းကူးမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“လှည်းကူးလဝကမှာဆို ဝန်ထမ်းထက် ပွဲစားက ပိုလူပါးဝတယ်။ ပွဲစားဆိုတာ ရုံးထဲမှာ အကူလုပ်ခေါ်ထားတဲ့သူတွေ။ ဝန်ထမ်းကို သူတို့ကရှာကျွေးနေတာ။”

၁၀ နှစ်ပြည့်ပြီးသူ နိုင်ငံသားတွေ မဖြစ်မနေ မှတ်ပုံတင်ပြုလုပ်ရမယ်ဆိုပါက ကျောင်းတွေမှာ လာရောက်ပြုလုပ်ပေးမှသာ အဆင်ပြေမယ်လို့ ကျောင်းသားမိဘတယောက်က အကြုံပြု ပြောဆိုပါတယ်။

“အရင်ကလို စာသင်ကျောင်းတွေမှာလာပြီး သူတို့လုပ်ပေးရမှာ။ သူတို့ဆီ သွားလုပ်ရမယ် ဆိုရင်တော့ အဆင်မပြေဘူး။ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေဆိုတော့ အလုပ်တရက်ပျက်ရင် စားဖို့မလွယ်ဘူး။”

မြန်မာနိုင်ငံသားတွေဟာ မှတ်ပုံတင်နဲ့ပတ်သက်လို့ လဝကဦးစီးဌာနမှာ မွေးစာရင်းသွင်းတာ၊ သေစာရင်းပယ်ဖျက်တာ၊ ပုံစံအဝင်၊ ပုံစံ ၁၀ အထွက်၊ ၁၀ နှစ်ပြည့်မှတ်ပုံတင်၊ ၁၈ နှစ်ပြည့်မှတ်ပုံတင်၊ ပျောက်ဆုံးပျက်စီး စတာတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာ သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ကတ်နဲ့ တခြားအသိအမှတ်ပြုကတ်၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း ကွဲလွဲတာ၊ အပိုကိုင်ဆောင်တာကို နီးစပ်ရာမြို့နယ် လဝကရုံးကို သွားရောက်ဖြေရှင်းဆောင်ရွက်ဖို့နဲ့ မပြုလုပ်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013