DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် ဧည့်စာရင်းကြောင့် ဖမ်းခံရသည့် လူငယ် ၂ ဦး စစ်မှုထမ်းထဲ ထည့်ခံရ
DVB
·
April 5, 2026
စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်၊ စစ်တိုင်းမှူးနှင့် အဓမ္မဖမ်းခံထားရသည့် စစ်မှုထမ်းလူငယ်များ (Photo : စစ်ကောင်စီတပ်နှင့် နီးစပ်သူတဦး)
စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်၊ စစ်တိုင်းမှူးနှင့် အဓမ္မဖမ်းခံထားရသည့် စစ်မှုထမ်းလူငယ်များ (Photo : စစ်ကောင်စီတပ်နှင့် နီးစပ်သူတဦး)
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ ဧည့်စာရင်းစစ်ဆေးခံရပြီး ဖမ်းဆီးခဲ့ရတဲ့ အရပ်သားတွေထဲက လူငယ် ၂ ယောက် စစ်မှုထမ်းထဲ ထည့်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ပထမအပတ်က ဧည့်စာရင်းမတိုင်တာကြောင့်ဆိုပြီး စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ လေးမျက်နှာမြို့နယ်၊ ကျားကိုက်ကျေးရွာက အရပ်သား လူငယ် ၂ ယောက်ကို မတ်လတတိယအပတ်ထဲမှာ စစ်မှုထမ်းထဲ ထည့်လိုက်တာလို့ သိရပါတယ်။

ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံအရပ်သားတယောက်က “ကချင်ပြည်နယ်ဘက်ကနေ အလုပ်ကနေ မိသားစုတွေရှိတဲ့ လေးမျက်နှာမြို့နယ်ကို ပြန်လာချိန် အဖမ်းခံရတာ။ ဧည့်စိမ်းဖြစ်တယ်၊ ဧည့်စာရင်းမတိုင်သူတွေဆိုပြီး ဖမ်းခဲ့တာ။ စစ်မှုထမ်းထဲ ထည့်ခံရတာက သွားစုံစမ်းလို့ သိရတာ” လို့ ပြောပါတယ်။

အရပ်သား လူငယ် ၂ ယောက် စစ်မှုထမ်းထဲ အထည့်ခံရတဲ့အကြောင်းကို မိသားစုတွေက ဧပြီ ၂ ရက်မှာ စုံစမ်းလို့သိရတာဖြစ်ပြီး ဟင်္သာတအခြေစိုက် ခလရ ၁၈ တပ်ရင်းကနေတဆင့် စစ်မှုထမ်းဖို့ ထည့်ခံရတာ လို့ဆိုပါတယ်။

စစ်မှုထမ်းထဲ ထည့်ခံရတဲ့ လူငယ် ၂ ယောက်ဟာ အသက် ၂၁ နှစ်အရွယ် ကိုလင်းလင်းနဲ့ အသက် ၂၅ နှစ်အရွယ် ကိုမြင့်မောင် ဆိုသူတို့ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ဘက်မှာ အလုပ်လုပ်ရာကနေ လေးမျက်နှာမြို့နယ်ကို ပြန်လာချိန် အဖမ်းခံရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့နီးစပ်သူက ဧည့်စာရင်းကိစ္စနဲ့ အဖမ်းခံရတဲ့ အရပ်သား ၂ ယောက် စစ်မှုထမ်းထဲ ထည့်ခံရတာ မှန်ကန်ပြီး ဘယ်စစ်ထမ်းသင်တန်းကျောင်းကို ပို့လိုက်တယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013