
အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချယ်ဟာ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားနဲ့ပွဲမှာ ရှုံးနိမ့် ခဲ့တဲ့နောက် သူ့ရဲ့ကစားကွက်အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တူချယ်ကတော့ တခြားထိပ်တန်းအသင်းတွေလို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားတဲ့ပုံစံမျိုး သူ့အသင်းကစားနိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ စက်တင် ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့တာပါ။
တူချယ်က ကစားသမားတွေကို ဘောလုံးထိန်းထားနိုင်အောင် သင်ကြားပေးဖို့ သူ့မှာ အချိန် အလုံအလောက် ရှိမရှိ မသေချာဘူးလို့ ပြောပါတယ်။
ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ ကစားဟန် သဘာဝအရလည်း အခုလို ပိုင်ဆိုင်မှုအသာစီးနဲ့ ကစားဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အာဂျင်တီးနားကို ကမ္ဘာ့ဖလားမှာ ရှုံးခဲ့တဲ့ပွဲက နည်းဗျူဟာပိုင်းကြောင့် တူချယ် တယောက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
Photo: Reuters











