DVB Logo
Home
မြန်မာသတင်း
ဆရာစံ-PDF အဖွဲ့က မီတာ ၃၀၀ ထိပစ်နိုင်သည့် စနိုက်ပါသေနတ် ထုတ်လုပ်
DVB
·
September 21, 2022
ဆရာစံ-PDF အဖွဲ့က မီတာ ၃၀၀ ထိပစ်နိုင်သည့် စနိုက်ပါသေနတ် ထုတ်လုပ်
Donate to DVB

စစ်ကိုင်းတိုင်းအခြေစိုက် ဆရာစံ-PDF အဖွဲ့က မီတာ ၃၀၀ အကွာအဝေး ပစ်နိုင်တဲ့ လက်လုပ် စနိုက်ပါသေနတ်ကို ကုန်ကျငွေ သိန်း ၃၀ နဲ့ ထုတ်လုပ်ထားနိုင်ပြီလို့ သိရပါတယ်။

ဆရာစံ-PDF တာဝန်ရှိသူက “စျေးနှုန်းတွေ တအားတက်နေတော့ ၃၀ လောက်ကုန်တယ်။ ပစ္စည်းရှာရတာလည်း မလွယ်ဘူး။ ပြောင်းတင် ၉ သိန်းလောက်ကျတယ်။ ဒါတောင် ဝယ်မရဘူး။ ပိုက်ဆံရှိပြန်တော့လည်း ပစ္စည်းကမရှိ၊ ပစ္စည်းရှိပြန်တော့လည်း ပိုက်ဆံကမရှိနဲ့။ ကျည်ဘောက်က ၁၀ တောင့်ဆန့်တယ်။ ၈ စကုတ်တပ်ပစ်လို့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအချိန်အထိ စနိုက်ပါသေနတ် ၅ လက် ထုတ်လုပ်ထားပြီး ဘေးမြို့နယ်​က မဟာမိတ် အဖွဲ့တွေကိုလည်း မျှဝေပေးထားပြီး အရင်ကထုတ်လုပ်ထားတဲ့ စနိုက်ပါသေနတ်တွေနဲ့ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ စနိုက်ပါသေနတ်ဟာ မီတာ ၂၅၀ အထိ ထိရောက်ပြီး မီတာ ၃၀၀ ကျော် အကွာအဝေးထိ ပစ်လို့ရတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး လက်နက်အမျိုးမျိုး ထပ်မံ ကြိုးစားထုတ်လုပ်သွားမှာဖြစ်သလို ထုတ်လုပ်ထားတဲ့ လက်နက်တွေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆရာစံ-PDF က ပြောပါတယ်။

ဒါ့အပြင် မီတာ ၁,၂၀၀ အထိ ရောက်အောင်ပစ်နိုင်တဲ့ ၆၀ မမတွေကို နည်းပညာမြင့် ဆရာတွေထံက သင်ယူထားပြီး အောင်မြင်စွာ ထုတ်လုပ်ထားနိုင်ပြီလို့ ဆရာစံ-PDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013