တာဝေးပစ် ROCKET ဒုံးကျည် လက်နက်ကို စမ်းသပ်ထုတ်လုပ်အောင်မြင်နေပြီလို့ ဆရာစံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက ဆရာစံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝေးပစ် ရော့ကတ် ဒုံးကျည်ကို လနဲ့ချီ စမ်းသပ်ထုတ်လုပ်ခဲ့ရာမှ ထိခိုက်မှု တစုံတရာမရှိဘဲ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆရာစံ - PDF တပ်ဖွဲ့ လက်နက်ထုတ်လုပ်ရေးကိုတာဝန်ယူထားသူ တစ်ဦးက “ရော့ကတ်ကို ထုတ်လုပ်ဖို့ စမ်းသပ်ခဲ့တာ ကြာပါပြီ။ ရော့ကတ်ကို စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ရတဲ့ ကုန်ကြမ်း ပစ္စည်းတွေနဲ့ အဓိက အသုံးပြုထားပြီး အကွာအဝေးအားဖြင့် တစ်မိုင်ခွဲအထိ ပစ်ခတ်လို့ ရတယ်” လို့ ပြောပါတယ်။
ရော့ကတ်တခုကို အနည်းဆုံး ၂ သိန်းနီးပါး ကုန်ကျစရိတ်ရှိပြီး စစ်ကောင်စီ အထိုင်ချထားတဲ့ စစ်စခန်းတွေ တိုက်ခိုက်ဖို့အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့အတွက် အရင်က ထုတ်လုပ်ထားတဲ့ မိုင်တဲလ် မမ များကို Level တိုးမြှင့်ထုတ်လုပ်နေတယ်တယ်လို့ ဆိုပါတယ်။