DVB Logo
Home
မြန်မာသတင်း
၅.၅၆ ကျည် ၇ တောင့်ထိုး ပြောင်းရှည် သေနတ် ဆရာစံ-PDF အောင်မြင်စွာထုတ်လုပ်
DVB
·
July 12, 2022
၅.၅၆ ကျည် ၇ တောင့်ထိုး ပြောင်းရှည် သေနတ် ဆရာစံ-PDF  အောင်မြင်စွာထုတ်လုပ်
Donate to DVB

စစ်ကိုင်းတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆရာစံ -PDF မှ india shotgun ၊ ၅.၅၆ ကျည် ၇ တောင့်ထိုး သေနတ်များကို အောင်မြင်စွာထုတ်လုပ်နိုင်နေပြီလို့ ဇူလိုင် ၁၁ ရက်နေ့မှာ ဆရာစံ - PDF က ထုတ်ပြန်ပါတယ်။ 

ပြင်ပဈေးကွက်ထဲ india shotgun တလက်ကို ၁၈ သိန်းပေးဝယ်နေရချိန်မှာ  ဆရာစံ - PDF က india shotgun နဲ့ ပုံစံအတူ လက်လုပ် shotgun များကို တလက် ၅ သိန်းသာကုန်ကျစရိတ်ရှိပြီး ၅.၅၆ ကျည် ၇ တောင့်ထိုး သေနတ် တ​လက်ကို ၁၂ သိန်းဝန်းကျင် ကုန်ကျစရိတ်ရှိတယ်လို့ သိရပါတယ်။

ဆရာစံ PDF လက်နက်ထုတ်လုပ်ရေးတာဝန်ရှိသူက “လက်နက် ၆ မျိုးကိုတော့ ကိုယ်တိုင်ထုတ်လုပ်ထားနိုင်ပါပြီ။ ကျနော်တို့ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့လက်နက်တွေကို တိုက်ပွဲတွေမှာ အသုံးပြုနေပါတယ်။ ကိုယ်တိုင်ထုတ်လုပ်တော့ ကုန်ကျစရိတ်ပိုသက်သာတဲ့ အလက်ရေ များများ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်” လို့ ပြောပါတယ်။ 

ဆရာစံ-PDF တပ်ဖွဲ့အနေနဲ့  india shotgun ၊ ၅.၅၆ ကျည် ၁ တောင့်ထိုး၊ ၅.၅၆ ကျည် ၇ တောင့်ထိုး၊ ၇.၆၂ ကျည် ၁ တောင့်ထိုး၊ မိုင်တဲလ် မမ ၊ တာဝေးပစ် ရော့ကတ် စတဲ့ လက်နက်များကို ကိုယ်တိုင်ထုတ်လုပ်တိုက်ပွဲဝင်နေပြီး လက်နက်စမ်းသတ်ထုတ်လုပ်တဲ့နေရာမှာ အသေးစိတ် ဂရုစိုက်တာကြောင့် ထိခိုက်အန္တရာယ် ကြုံတွေ့ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013