DVB Logo
Home
မြန်မာသတင်း
မပေါက်ကွဲခဲ့သည့် လေယာဉ်ဗုံး ယမ်းများဖြင့် ဒရုန်းဗုံးသီးထုတ်လုပ်နေ
DVB
·
November 5, 2023
မပေါက်ကွဲခဲ့သည့် လေယာဉ်ဗုံး ယမ်းများဖြင့် ဒရုန်းဗုံးသီးထုတ်လုပ်နေ
Donate to DVB

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ မပေါက်ကွဲတဲ့ ဗုံးသီးတွေကနေ ဒရုန်းဗုံးသီးတွေ ထုတ်လုပ်နေတယ်လို့ နည်းပညာထောက်ပံ့ရေးအဖွဲ့- T2S2 ဆီကနေ သိရပါတယ်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့အတွက် ယမ်းတွေလိုအပ်တာကြောင့် မပေါက်ကွဲတဲ့ ဗုံးသီးတွေကို ပြန်လည်အသုံးပြုဖို့ စီစဥ်ဖြစ်တာလို့ T2S2 အဖွဲ့ရဲ့ ဦးဆောင်သူ ကိုအုပ်ကြီးက ပြောပါတယ်။

“အသက်အန္တရာယ် အများဆုံး အခြေအနေပေါ့နော်။ အခန့်မသင့်ရင် အသက်သေနိုင်တယ်။ ခြေလက်အင်္ဂါ ဆုံးရှုံးတာတွေ ဖြစ်နိုင်တယ်။ စည်းစနစ်တကျနဲ့ အမြဲသတိထား ကိုင်တွယ်နေရတယ်ပေါ့နော်။ စစ်ကောင်စီကို ရတဲ့ဘက်ကနေ တော်လှန်ဖို့ မဖြစ်မနေ လုပ်ရမယ့် အရာတခုပေါ့။ အဲဒါကြောင့် ကျနော်တို့ ဂရုစိုက်ပြီး ထုတ်လုပ်တယ်” လို့ သူက ပြောပါတယ်။

ထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ် ၅ လပိုင်းကနေစတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်ပြီး မပေါက်ကွဲဘဲရှိနေတဲ့ ၁၂၀ မမ၊ ကပ်စတာဗုံးသီး၊ ပေါင် ၂၀၀၊ ပေါင် ၅၀၀ စတဲ့ ဗုံးသီးအမျိုးအစား အစုံအလင် ၇ လုံးအထိ တူးယူပြီး ဒရုန်းဗုံးသီးပေါင်း ၅၀၀ ကျော်ကို မြေပြင်မှာ အသုံးပြုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒရုန်းဗုံးသီးတွေကို ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက မြေပြင်တိုက်ပွဲတွေမှာ အသုံးပြုနေခဲ့ပြီး ကိုယ်တိုင် ဒရုန်းတီထွင်မှုတွေ၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြု လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

နည်းပညာပိုင်းဆိုင်ရာဖြစ်တဲ့အတွက် ကုန်ကျစရိတ် ကြီးမားတာကြောင့် ပြည်သူတွေက တဖက်တလမ်းကနေ ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

T2S2 အဖွဲ့ဟာ ၂၀၂၂ ခုနှစ် မတ် ၁၁ ရက်နေ့မှာ   Robot Tank(တင့်ကားအသေးစား)ကို တီထွင်ထုတ်လုပ်ခဲ့ပြီး မြေပြင်မှာ အသုံးပြုရပိုအဆင်ပြေအောင် မွမ်းမံနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013