DVB Logo
Home
မြန်မာသတင်း
ဆရာစံ- PDF အဖွဲ့ လက်လုပ်စနိုက်ပါသေနတ် ထုတ်လုပ်အောင်မြင်
DVB
·
August 6, 2022
ဆရာစံ- PDF အဖွဲ့ လက်လုပ်စနိုက်ပါသေနတ် ထုတ်လုပ်အောင်မြင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဆရာစံ - PDF တပ်ဖွဲ့က  လက်လုပ်  စနိုက်ပါသေနတ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဆရာစံ- PDF တာဝန်ရှိသူတဦးက " လက်လုပ်သေနတ်ဆိုတော့ ၊ သေနတ်အစစ်တွေနဲ့တော့ ယှဉ်လို့မရဘူးပေါ့။ ဒါပေမဲ့ အကွာအဝေးနဲ့ ထိရောက်မှုကတော့ သိပ်မကွာပါဘူး။ မီတာ ၂၀၀ အကွာအဝေးအထိ ပစ်လို့ရတယ်။ မီတာ ၁၅၀ အတွင်း လောက်ပဲ ထိရောက်မှု ရှိနိုင်တယ်။ 4 Scope တပ်ပစ်ရင် အဆင်ပြေပါတယ်။ အခုအချိန်က ပိုက်ဆံရှိရင်တောင် သေနတ်ဝယ်ဖို့ မလွယ်ကူတော့ လက်လုပ်တွေကိုပဲ အားကိုးနေရတယ်။ နောက်ထပ် Uzi ထုတ်နိုင်ဖို့ ကြိုးစားနေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအချိန်မှာ စမ်းသပ်တဲ့ အနေနဲ့ စနိုက်ပါသေနတ် တလက်သာ ထုတ်လုပ်ထားပြီး ဆက်လက်ထုတ်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

လက်လုပ် စနိုက်ပါ သေနတ် တလက်ကို ကျပ် ၁၈ သိန်းဝန်းကျင် ကုန်ကျစရိတ် ရှိပြီး 5.56 ကျည်ကို ၁၂ တောင့် အထိထည့်ပစ်လို့ရတယ်လို့ သိရပါတယ်။

ဆရာစံ- PDF က ကိုယ်ပိုင် လက်နက်ထုတ်လုပ်ရေးနဲ့ အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ပြီး ရဲဘော်တွေ အတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးနေတယ်လို့  ဆရာစံ -PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

“ဘယ်သူတွေ ဘယ်လိုဆိုစေကာမူ အတတ်နိုင်ဆုံးတော့  အဖွဲ့ဝင်ရဲဘော်တွေ၊ ပြည်သူတွေ၊ နောင်လာမယ့် ကလေးတွေရဲ့ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမယ်။”

စစ်ကိုင်းတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆရာစံ -PDF ဟာ တာဝေးပစ် ROCKET ဒုံးကျည်တွေနဲ့   india shotgun ၊ ၅ ဒသမ ၅၆ ကျည် ၇ တောင့်ထိုး သေနတ်တွေကိုလည်း အောင်မြင်စွာထုတ်လုပ်နိုင်နေပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013